အမှောင်ကမ္ဘာရဲ့ အလင်းရှင်အပိုင်း(၆)
ည၁၀ နာရီကျော်ပြီဖြစ်သည်။
ဝေါ!......
ဂျိမ်း!... ဂျိမ်း!.....
မိုးက သည်းထန်စွာရွာလာပြန်သည်။
လျှပ်ပန်းတို့က ကောင်းကက်ထက်၌ ပြိုးပြိုး
ပြက်ပြက်လင်းလက်နေပြီး မိုးခြိမ်းသံတို့
ကလည်း ကျယ်လောင်စွာထွက်ပေါ်လျက်ရှိ
သည်။ဒေဝီ သူမအတွက် ပေးထားသော အိပ်ခန်း
လေးအတွင်းမှ ကုတင်သေးသေးလေးအပေါ်
တွင် ထိုင်နေရင်း ဖုန်းကိုဖွင့်ကာ Messenger
မှ မေရန်ငြိမ်းနှင့် typing ရိုက်ကာစကား
ပြောနေမိသည်။မိုးက အတော်သည်းလာသဖြင့် ဒေဝီ
ပြတင်းပေါက်ကိုထပိတ်လိုက်၏။ ရာသီဥတု
က အေးလာသဖြင့် ပို၍နွေးထွေးစေရန်
အကျင်္ီလက်ရှည်လေးကိုဝတ်လိုက်၏။
မနက်စောစောထရဦးမည်မို့ ဘုရားဝတ်ပြု
ပြီး အိပ်တော့မည်ဟု တွေးလိုက်မိပြီး
မေရန်ငြိမ်းကိုနှုတ်ဆက်ကာ အက်တာနက်ပိတ်၊
ဖုန်းကိုပိတ်လိုက်တော့သည်။ဒေဝီ ဘဝအမှန်ကိုဖုံးကွယ်ရန်လိုအပ်သဖြင့်
သူမကိုင်နေကျ iPhone 12 Pro Max ကို
သူမအိမျ၌ထားခဲ့ရကာ Redmi Note 8 Pro
ဖုန်းလေးကို ထပ်ဝယ်ကာ ကိုင်ခဲ့ရ၏။
အဝတ်များကိုလည်း တန်ဖိုးနည်းပြီး အခြေခံ
လူတန်းစား မိန်းကလေးများဝတ်လေ့ရှိသော
အဝတ်အမျိုးအစားများကို တမင်ဝယ်လာပြီး
ခရီးဆောင်အိတ်အပေါစားနှင့် ယူလာခဲ့ရ၏။Messenger မှ သူမ၏အခြေအနေကိုမေး
သော မေရန်ငြိမ်း၏မေးခွန်းများကိုအကောင်း
ဘက်ကသာ ဖြည့်၍ဖြေခဲ့၏။
သူမအဆင်ပြေကြောင်း အခြားအလုပ်သမား
မိန်းကလေးများကလည်း ဖော်ရွေကြကြောင်း
သာ ဒေဝီ မေရန်ငြိမ်းကို ပြောလိုက်ပါ၏။ စိုးရိမ်
တတ်သော မေရန်ငြိမ်းကို သူမအဆင်မပြေဟု
မပြောလိုပါ။
အမှန်တော့ ရွှေလင်ဗန်းနှင့် အချင်းမဆေးရုံ
တမယ် သိမ်မွေ့ပြည့်စုံစွာကြီးပြင်းခဲ့ရသော
ဒေဝီ နေ့ချင်းညချင်း အလုပ်ကြမ်းဆန်ဆန် အ
လုပ်များကို လုပ်နေရသဖြင့် အတော်ပင် ပင်ပန်း
လှသည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇