အပိုင်း ၂၀

21 0 0
                                    

အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                     အပိုင်း(၂၀)

      ဦးသီဟကို မိုးသက်ထန်က လိုက်ပို့ခိုင်း
သဖြင့် မိုးသက်ထန်၏ အလုပ်သမား
ကောင်လေး တစ်ယောက်က ကားမောင်းကာ
လိုက်ပို့ခဲ့၏။ ဦးသီဟ လူနှင့်စိတ်အစေးမကပ်
ပါ အခြေအနေအရအိမ်ပြန်ရ သော်လည်း
စိတ်က သမီးဖြစ်သူထံ၌သာကျန်ရစ်ခဲ့တော့
သည်။

      ဒေဝီ့အခြေအနေက အားငယ်ချိန်၌ပင်
ဖခင်ကို လွတ်လွတ်လပ်လပ်အားကိုး၍
မရသော အခြေအနေဖြစ်နေတော့သည်။
မှင်သက်တွေဝေနေကာ အားငယ်နေပုံရ
သော ဒေဝီ့ကို မိုးသက်ထန်ဂရုဏာသက်စွာ
ကြည့်မိ၏။

      မိုးသက်ထန်က သူ၏ ကွန်ပျူတာခန်း
ထဲသို့ အမြန်သွားခိုက်ပြီး pc အတွင်းရှိ
Movie ဖိုင်တစ်ခုကို သေသေချာချာကြည့်
နေပြီးမှ ညာလက်သီးကို တင်းတင်းဆုတ်
လိုက်မိသည်။

      "တောက်!!.."
      "မင်းနဲ့ငါ တွေ့ပြီ..."

      မိုးသက်ထန် ဒေါသထွက်လွန်းသဖြင့်
လက်အစုံက တုန်ယင်နေ၏။
      ကွန်ပျူတာထဲမှ ထိုmovieကို ဖုန်းထဲ
သို့ ကူးထည့်လိုက်ပြီး မိုးသက်ထန် ဧည့်ခန်း
သို့ ပြန်ထွက်လာခဲ့သည်။
     သူ၏မျက်လုံးတို့က ဒေါသကြောင့် စူးစူး
ရဲရဲရှိလှပြီး ယခင်ဆိုးသွမ်းရမ်းကားခဲ့သော
အတိတ်မှ မိုးသက်ထန်၏ အရိပ်အငွေ့တို့က
သူ၏ မျက်နှာ၌ တိတိပပ ပေါ်လွင်နေ၏။

     အခြားအိမ်စေ မိန်းကလေးများကြား၍
ပန်းအိုးတစ်အိုးကို ပန်းအလှဆင်နေသော
ပိုးအိမ်ကို မိုးသက်ထန် စူးစူးရဲရဲ စိုက်ကြည့်
ရင်း ဧည့်ခန်းအတွင်းရှိ အလုပ်သမား ဝန်ထမ်း
များအားလုံးကြားအောင် အော်ပြောလိုက်၏။

      "ပိုးအိမ်ကလွဲပြီး ဧည့်ခန်းထဲကနေ
အားလုံးထွက်သွားကြစမ်း..."

      မိုးသက်ထန်၏ အသံက အတော်ပင်
ကျယ်လောင်သွားသည့်အပြင် မာကျော
လွန်းလှသဖြင့် ဝန်ထမ်းများအားလုံး မိုးသက်
ထန် စိတ်ဆိုးဒေါသဖြစ်နေသည်ကို ချက်ချင်း
သိသွားကြပြီး ဧည့်ခန်းထဲမှ ခပ်သုတ်သုတ်
ထွက်သွားကြတော့သည်။

     ပိုးအိမ်လည်း သူမနာမည်ကို အသံမာမာ
ဖြင့် ခေါ်လိုက်သဖြင့် ထိတ်လန့်သွားပြီး
မိုးသက်ထန်ကို ကြည့်နေမိသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now