အမှောင်ကမ္ဘာရဲ့ အလင်းရှင်
အပိုင်း(၂၃)
ည ၁၀နာရီပင် ထိုးလုပြီဖြစ်သည်။
ဒေဝီ ဘုရားဝတ်ပြုပြီး အိပ်စက်ရန်
စဉ်းစားလိုက်မိသော်လည်း သူမ၏ အခန်း
ဖော် နွေးနွေးရောက်မလာသေးသဖြင့်
ဒေဝီ သူမကိုစောင့်နေမိသည်။
သူမကို နေ့လည်လောက်ကတည်းက
မတွေ့မိသဖြင့် ဒေဝီစဉ်းစားနေမိသည်။""အဟင့်... ဟင့်...""
"ဟင်..."
မိန်းကလေးတစ်ယောက်၏ ငိုသံကိုကြား
လိုက်ရသဖြင့် ဒေဝီ အခန်းတစ်ဝိုက်ကို
ဝှေ့ဝဲကြည့်လိုက်မိသည်။
ဘာမှ ထူးထူးခြားခြားမတွေ့သော်လည်း
သူမ စိတ်ထဲ ထင့်ခနဲဖြစ်သွားမိသည်။🕖🕢
"အမလေး!.... လာကြပါဦး...
နွေးနွေး ဘာဖြစ်တာလဲမသိဘူး..."အိမ်စေမလေးတစ်ယောက်၏အသံက
တစ်အိမ်လုံးကို တပ်လှန့်လိုက်သလို ရုတ်ရုတ်
သဲသဲဖြစ်သွားတော့သည်။မိုးသက်ထန် အပါအဝင် အိမ်ရှိအလုပ်
သမားဝန်ထမ်းများအားလုံးလည်း အိမ်စေ
မလေးအသံကြားရာ စတိုခန်းရှေ့သို့ ဝိုင်း
အုံရောက်လာကြတော့သည်။
ဒေဝီလည်း ရောက်လာပြီး နွေးနွေးကို
ပွေ့ထူကာ လှုပ်နှိုးကြည့်သည်။"နွေးနွေး... ဘာဖြစ်တာလဲ... နွေး...
ဟင်..."ေဒဝီ နွေးနွေးလက်ကောက်ဝတ်သွေး
ကြောကိုစမ်းကြည့်ရာ သွေးမခုန်သည့်အပြင်
လက်က အလွန်အေးစက်နေသဖြင့် ရင်ထဲ
ထိတ်ခနဲဖြစ်သွားမိသည်။
ဒေဝီ နွေးနွေးရင်ဘက်ကို ကပ်၍ နှလုံး
ခုန်သံကို နားထောင်လိုက်ပြန်သည်။"ဟင်..."
မိုးသက်ထန် ဒေဝီ့အနားတွင် ထိုင်လိုက်ရင်း
"လေရာင်... နွေးနွေးဘာဖြစ်တာလဲ..."
"အကိုလေး... နွေးနွေး... နှလုံးမခုန်တော့
ဘူး...""ဟင်... ဘယ်... ဘယ်လို..."
မိုးသက်ထန်လည်း စိုးရိမ်စိတ် ထိတ်လန့်
စိတ်တို့ဖြင့် နွေးနွေးဘယ်ဘက်ရင်ကို စမ်း
ကြည့်လိုက်၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇