ပန်းခြွေမိစ္ဆာ
နှင့်
သတ္တမမြောက် အပျိုစင်အပိုင်း(၉)
ဒေဝီ ထိတ်လန့်တကြားဖြင့်ဖုန်မှုန့်များ
ရှိနေသော မြေပြင်ကိုကြည့်လိုက်မိသည်။ ၁၀
ပေခြားစီခန့် ဖုန်မှုန့်တို့လွင့်ပျံသွားသည်ကိုမြင်
နေရပြီးထိုအရာက သူမနှင့်အလွန်နီးကပ်လာ
၏။ မမြင်ရသော မိစ္ဆာကောင်ကြီး၏ခြေတစ်
လှမ်းသည် ၁၀ပေခြားခန့်ကျယ်နေသည်မို့ ဒေဝီ
ပို၍ကြောက်ရွံ့သွားမိသည်။ဒုန်း...ဒုန်း...ဒုန်း...
ခြောက်ခြားစရာ ခြေသံကြီးကလည်း
သူမကို ပို၍ထိန့်လန့်အောင်ပံ့ပိုးနေ၏။စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်းလက်
ကိုင်အိပ်ထဲတွင် အမြဲပါတက်သောသိမ်ဝင်သ
ပိတ်ကွဲစကိုထုတ်ယူလိုက်ပြီး နီးကပ်လာသော ခြေသံကြီးရှိရာ သို့မှန်းဆ၍ပစ်ပေါက်လိုက်၏။ဝှစ်...
ဟီး...အင်း........
ညီးတွားသံလို အသံကြီးတစ်ခုမပီမသ
ကြားလိုက်ရပြီး ၁၀ပေခြားစီလွင့်ပျံနေသော ဖုန်
မှုန့်တို့မှာ ရှေ့သို့တိုးမလာဘဲ နောက်ဘက်သို့
ပြောင်းပြန် ပြန်ဆုတ်သွား၏။ မိစ္ဆာကောင်ကြီး
နောက်ဆုတ်သွားပုံရသည်။🕛🕧
ကျွန်တော် ရွာဦးစေတီဘက်သို့လိုက်လာခဲ့
သည်။ ရှိုင်းနေတို့ထွက်သွားသည်မှာ ကြာနေပြီ
ဖြစ်၍ လိုက်ခေါ်ရန်နှင့် လမ်းလည်းလျှောက်လို
စိတ်ဖြစ်လာသဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။တစ်နေရာအရောက်တွင် ကျွန်တော့်နာ
မည်ကို တစ်စုံတစ်ယောက်ခေါ်လိုက်သောအသံ
ကြောင့်ကျွန်တော့် ခြေလှမ်းတို့အားရပ်တန့်
လိုက်မိသည်။"ဇာ..ဇာမဏီ....အား...ကျွတ်...ကျွတ်.."
လသာနေသော်လည်း အမှောင်ရိပ်ကျနေ
သဖြင့် သဲကွဲစွာမမြင်ရပါ။ အသံလာရာ သစ်ပင်
ကြီးတစ်ပင်အောက်သို့ သွားပြီးကြည့်လိုက်၏။"ဟင်..."
ကာလသားခေါင်း ဖိုးထောင်တစ်ယောက်
မြေပြင်တွင်လဲကျ ညီးညူနေ၏။ သူထနိုင်ပုံ
မပေါ်ဘဲ နာကျင်နေဟန်ရှိ၏။အရက်နံ့လည်းရ
နေသဖြင့်အရက်မူးပြီးရန်ဖြစ်ကာ ဒဏ်ရာရထား
ခြင်းဖြစ်နိုင်သည်ဟု ကျွန်တော်တွေးလိုက်မိ
သည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇