အပိုင်း ၁၉

25 1 0
                                    


ရင်ကွဲတစ္ဆေ
 
                       အပိုင်း (၁၉)


     ဒေဝီကဖုန်းဆက်ခေါ်သဖြင့် ကျွန်တော် ဦးသီဟ
၏အိမ်သို့ ထွက်လာခဲ့သည်။ ကျွန်တော့်ကိုမြင်သည်
နှင့် ခြံစောင့်ဦးလေးက ပြုံးပြကာ တံခါးဖွင့်ပေးလိုက်
၏။ ကျွန်တော် ဦးသီဟတို့ဧည့်ခန်းသို့ခပ်သွက်သွက်
ပင်လျှောက်လာခဲ့သည်။

       ဧည့်ခန်း၌ ဦးသီဟက ခေါင်းရင်းဘက်တွင်
ထိုင်နေပြီး ဦးသီဟ၏ညာဘက်ထိုင်ခုံတွင် ဒေဝီ
ရှိနေ၏။ ဘယ်ဘက်ခုံရှည်တွင် ရှိုင်းနေနှင့်မေရန်
ငြိမ်းလည်းရောက်နေကြပြီး ဒေဝီဧည့်ခံသောဒိုးနပ်
မုန့်ပန်းကန်ကို ပလုပ်ပလောင်းအားပေးနေကြ၏။

     ကျွန်တော် ဒေဝီ့နံဘေးတွင်ဝင်ထိုင်လိုက်၏။
ဦးသီဟက ကျွန်တော်ရောက်လာသည်နှင့်ပြော
၏။

      "အခု...ရှိုင်းနေနဲ့ သမီးငြိမ်းတို့ရဲ့ကျိန်စာကိုဖြည်
ဖို့အတွက် လိုအပ်တဲ့ ဝိညာဉ်တစ်ခုကိုကူညီဖို့အ
တွက် နောက်ထပ်ဝိညာဉ်တစ်ခုရှိတဲ့နေရာကို ရှာ
တွေ့ထားတယ်..."

      ဦးသီဟစကားကို ကျွန်တော်တို့ ၄ ယောက်
စလုံး ငြိမ်၍နားထောင်နေမိကြသည်။ ရှိုင်းနေက
ဦးသီဟို ပြန်မေးလိုက်သည်။

      "ဘယ်မှာတွေ့တာလဲ ဦးလေး..."

      "အင်း...golden lion hotel ရဲ့ အခန်းနံပါတ်
(၁၀)မှာပါ..."

      "ဟင်... hotel မှာ သရဲရှိတာ...ဟုတ်လားဦး
လေး..."

    " အေး...ဟုတ်တယ်...အဲ့ဒီ့က hotel မန်နေဂျာရဲ့
အကိုက ငါနဲ့တော်တော်လေးရင်းနှီးကြတယ်...
သူ့ညီပြောပြတာကို သူကပြန်ပြောပြတာ...
     အဲ့ဒီ့အခန်း နံပါတ်(၁၀)မှာ ကောင်မလေးတစ်
ယောက်က သူ့လက်ကောက်ဝတ်သွေးပြန်ကြော
ကို ဖြတ်ပြီးသူ့ကိုယ်သူသတ်သေသွားတာတဲ့....
ဒါပေမယ့် ကောင်မလေးက ဆေးရုံကိုရောက်
လိုက်သေးတယ်တဲ့ ဆေးရုံမှာကုနေရင်းမှ ဆုံး
တာပါ...ဒါပေမယ့် သူ့ဝိညာဉ်က အဲ့ဒီ့ hotel
ခန်းကို စိတ်စွဲသွားပုံရတယ်...အဲ့ဒီ့ထဲကမထွက်
ဘဲ အခုထိမကျွတ်လွတ်ဘူးတဲ့..."

      မေရန်ငြိမ်းက ငြိမ်၍နားထောင်နေရင်းမှ
မေးလိုက်၏။

      "ဦးလေး...အဲ့ကောက်မလေးက ဘာလို့
သူ့ကိုယ်သူ သတ်သေတာလဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now