ပန်းခြွေမိစ္ဆာ
နှင့်
သတ္တမမြောက် အပျိုစင်
အပိုင်း(၁၃)ဗျစ်....ဖြောက်....
မီးအပူရှိန်ကြောင့် တဖြည်းဖြည်းပျက်
စီးပြတ်တောက်လာသော ကြိုးမှထွက်ပေါ်လာ
သော တိုးညှင်းလှသောအသံလေးက ရှင်မင်း
အတွက် အလွန်ကျယ်လောင်လှသော ကြောက်
မက်ဖွယ် သေမင်းဟီသံကြီးဖြစ်ပါ၏။ရှင်မင်း သူမနှင့်တစ တစ နီးလာနေသော
သူမနောက်သို့လိုက်လာသူများကိုလည်း သဲကွဲ
စွာမြင်နေရပြီဖြစ်သည်။
ရွာသားများနှင့်အတူ သူမ၏အကိုဖြစ်သူ
ရွှေမိုး၊ သူမပထမဆုံးတွယ်တာမိသော တစိမ်း
ပုရိသဖြစ်သော ဇာမဏီနှင့် သူမမိခင်၏အချစ်
တော်ဒေဝီတို့အား သူမသဲကွဲစွာမြင်နေရပြီဖြစ်
၏။ သို့သော်လည် သူမရှိနေသော ကျောက်ဖျာ
မှာ ခြုံနွယ်တို့ကာစီးနေသဖြင့် သူမအား လိုက်
ရှာနေသူတို့ အလွယ်တကူမမြင်နိုင်ပါ။
" အွန်း...အူး....ဟွန်း....ဝူး..."အော်ခေါ်လျှင်ကြားနိုင်လောက်သောအ
ကွာအဝေးဖြစ်သည်မို့ သူမအားကိုးတကြီးအော်
ခေါ်ရှာသော်လည်း တင်တင်ထားက သူမနှုတ်
ခမ်းအားပဝါဖြင့်စည်းခဲ့သဖြင့် အသံမပြုနိုင်
ဖြစ်နေ၏။ဖြောက်!....ဗျစ်.....
ကြိုးကပို၍ ပျက်စီးလာ၏။ အလွန်သေး
ငယ်သွားပြီဖြစ်သော ကြိုးလုံးကိုကြည့်ရင်း
ကြောက်ရွံ့စိတ်ကြောင့် တဆက်ဆက်တုန်နေ
ရှာပြီး ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တို့စီး
ကျနေ၏။"အူး...အွန်း...ဟွန်း...ဝူး..."
အတက်နိုင်ဆုံး သူမအော်နေသော်လည်း
အသံတို့က နှုတ်ခမ်းဝမှ ပဝါကို ကျော်လွှားနိုင်
ခြင်းမရှိပါ။
လာကယ်ကြသူများမှာ အနီးဝန်းကျင်ရောက်
နေပြီဖြစ်သော်လည်း သူမအားမတွေ့ကြပါ။ကံ
ကြမ္မာက သူမအားမျက်နှာသာပေးချင်ဟန်မရှိ
ပါ။သိမ်ငယ်စွာ ကြီးပြင်းခဲ့ရသော သနားစရာ
မိန်းကလေး ပြင်းထန်လှသော ဝေဒနာဆိုးကြီး
ဖြင့် မရှုမလှသေရပေဦးမည်။
ဝဋ်ကြွေးရှိလျှင် ကျေပါစေတော့ဟု သူမ
ဆုတောင်းပြီး မိခင်ဖြစ်သူနှင့် အကိုဖြစ်သူရွှေမိုး
ကို စိတ်ထဲမှမှန်း၍ကန်တော့လိုက်၏။ သူမ
ပထမဆုံး တွယ်တာမိသော ဇာမဏီ့ကို ရုတ်တ
ရက် မျက်ဝန်း၌မြင်ယောင်လာ၏။
ရှင်မင်း ပြတ်တောက်တော့မည့် ကြိုးအား
နောက်ဆုံးကြည့်လိုက်ပြီး စိတ်ကိုလျော့ချထား
သော်လည်း အဆမတန်ကြောက်ရွံ့စိတ်ကို
မထိန်းနိုင်ခဲ့ပါ။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇