အပိုင်း ၂၁

20 0 0
                                    

ရင်ကွဲတစ္ဆေ

                        အပိုင်း (၂၁)

     သူမ ရှည်လျှားစွာပြောပြီးသည်နှင့် ဝမ်းနည်း
လာဟန်ပေါ်ပြီး ငိုကြွေးနေပြန်ပါ၏။

      သူမ၏ ဘဝအကြောင်းကိုနားထောင်ရင်း
ကျွန်တော်တို့ ၄ယောက် ပြင်းပြစွာပင် စိတ်မကောင်း
ဖြစ်မိကြသည်။ အသည်းငယ်သော မေရန်ငြိမ်း
ကတော့ မျက်ရည်ကျနေပြီး ဒေဝီ့မျက်ဝန်းတွင်လည်း
မျက်ရည်တို့ရစ်ဝဲ၍နေသည်။

     ဒေဝီ ပူဆွေးရိပ်အပြည့်ဖြင့်ရှိနေသောဝိညာဉ်
အမျိုးသမီးကို ဂရုဏာသက်စွာကြည့်ရင်း

      "စိတ်မကောင်းပါဘူးရှင်...ရှင့်အဖြစ်က တော်
တော် ရင်နာစရာကောင်းတာပဲ...
     ရှင်...အခုဘာလုပ်ချင်လဲ...ဘာဖြစ်ချင်လဲ..."

      "ကျွန်မ....ဖေဖေနဲ့ညီမလေးကို အရမ်းတွေ့ချင်
တယ်...မေမေ့ကိုလည်းတွေ့ချင်တယ်...သူတို့ကို
စကားတွေပြောချင်တယ်..."

      ဒေဝီခေါင်းညိမ့်လိုက်ရင်း

     " ဒေဝီတို့ ကြိုးစားပေးပါ့မယ်...
ဒါနဲ့...ရှင် ရဲခေါင်ကိုရောခွင့်လွတ်နိုင်လား..."

      သူမအနည်းငယ်သာပြုံးရင်း

      "သူ...ကျွန်မရဲ့မေတ္တာတွေစူးနေပါပြီ...
သူလည်း ဒုက္ခတွေများနေပြီဆိုတာ ကျွန်မသိပြီး
ပြီ...အတုံ့အလှည့်တွေကို မုန်းလှပါပြီ...
     သူ့ကို လက်စားမချေချင်တော့ပါဘူး....
ကျွန်မရဲ့ တစ်ခုတည်းသော ဆန္ဒက မိသားစု
နဲ့ တွေ့ချင်တာပါပဲ..."

      ရုတ်တရက် ဝိညာဉ်အမျိုးသမီး၏ပုံရိပ် အင်း
ကွက်ပုံ ပိတ်သားပေါ်မှဝေဝါးပျောက်ကွယ်၍သွား၏။

      ရှိုင်းနေက ဒေဝီ့ကိုပြောလိုက်၏။

     " ဒေဝီ...သူဘယ်ရောက်သွားတာလဲ..."

     "သူ...ပိတ်သားထဲမှာပဲရှိပါတယ်...လူတွေနဲ့
အကြာကြီးဆက်သွယ် စကားပြောလိုက်လို့ အား
အင်ကုန်ပြီး ကိုယ်ယောင်မပြနိုင်တော့တာပါ..."

     ကျွန်တော် ပိတ်သားကို ပြန်ခေါက်ကာ ကုတင်
ပေါ်သို့သာ ပြန်တင်ထားလိုက်သည်။

     ဒေဝီက ခေါက်ထားသော ပိတ်စကြီးကိုကြည့်
ရင်း

     "သူ့မှာ ဒေါသမရှိတော့ဘူး...သူ့ကိုရက်စက်ခဲ့တဲ့
ရဲခေါင်ဆိုတဲ့လူကို လက်စားချေချင်တယ်တို့ဘာ
တို့ ပြောပုံမထောက်ရင်...သူရဲခေါင်ကို မသေခင်
ကတည်းက အငြိုးအတေးမထားတော့ဘဲ ခွင့်လွတ်
လိုက်ပုံပဲ...
      သူမကျွတ်လွတ်ရတဲ့အကြောင်းရင်းက ဒေါသ
နဲ့ လက်စားချေချင်စိတ်ကြောင့်မဟုတ်ဘူး...ကြေ
ကွဲဝမ်းနည်းစိတ်နဲ့ သူအချစ်ရဆုံးသူက ဒီလိုလုပ်
ရက်လေခြင်းဆိုတဲ့ ယူကြုံးမရတဲ့ စိတ်ကြောင့်ပဲ...
ဒေဝီတို့ ပထမဆုံးလုပ်ရမှာ သူ့မိသားစုကိုသူနဲ့
ဆက်သွယ်ပေးဖို့ပါပဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now