အသက်ခြွေကုတင်
အပိုင်း(၂)ထိုပုဂ္ဂိုလ်ကြီးက မီးကျီခဲနှယ် နီရဲနေသော
မျက်လုံးကြီးဖြင့် သရဖီ့ကို စူးစိုက်ကြည့်နေ
ရင်း""မင်းက မင်းအမျိုးသားထက် သီလအင်
အားပိုရှိတဲ့ သူဖြစ်လို့ ကယ်တင်တဲ့နေရာမှာ ဖြစ်
တည်ခွင့် ငါပေးခဲ့တာ....မင်းအမျိုးသားကတော့
မင်းလောက် သီလအင်အားမရှိတဲ့သူဖြစ်လို့
ကယ်တင်ခံရတဲ့သူအဖြစ် ငါဖန်တီးခဲ့တာ....
မင်းကြိုးကို လွှတ်လိုက်ရင် မင်းအမျိုးသား
ကျိန်းသေ သေမယ်....
အေး....မင်းက သူ့ကိုချစ်လွန်းလို့ အသေ
မခံနိုင်ဘူးဆိုရင်တော့ ကြိုးကို ဆက်ဆွဲထား
ပေါ့....ငါဖန်ဆင်းထားတဲ့ သံပြားကြီးက ကြာ
လာလေလေ ပိုလေးလာလေဖြစ်အောင် ငါ
စီမံထားတယ်...
ပြီးတော့ မင်းရဲ့အနောက်ဘက်နံရံက ကြွ
ထွက်လာပြီး နံရံထဲကနေ သံချွန်တွေလည်း
ထွက်လာလိမ့်မယ်...
အဲ့ဒီ့နံရံက မင်းနဲ့တဖြည်းဖြည်း နီးလာပြီး
နံရံက သံချွန်တွေဟာ မင်းရဲ့ကျောပြင်က
နေ ရင်ဘက်တွေ ဝမ်းပြင်တွေအထိ ထုတ်ချင်း
ပေါက်အောင် စူးဝင်လာလိမ့်မယ်....
မင်းက အဲ့ဒီ့အခြေအနေအထိ လက်ထဲက
သံကြိုးကို ဆက်ဆွဲထားနိုင်တယ်ဆိုရင်
မင်းရဲ့ ခင်ပွန်းအသက်ရှင်ခွင့်ရမယ်....
ဒါပေမယ့်....မင်းခန္ဓာကိုယ်ကတော့ သံစူး
တွေ ဖောက်ဝင်တာ ခံရမှာဖြစ်တဲ့အတွက်
မင်းသေရမယ်.... မင်းတို့နှစ်ယာက်တည်းက
တစ်ယောက်တော့ သေရမှာပါပဲ....
ဒါပေမယ့်လည်း ငါကြုံဖူးသမျှ ဇနီးမောင်နှံ
တွေနဲ့ စုံတွဲတွေအားလုံး ကယ်တင်သူ နေရာ
ရတဲ့သူကသာ အသက်ရှင်ပြီး ကယ်တင်ခံရတဲ့
နေရာ ရတဲ့သူဟာ သေတာချည်းပါပဲ....
အင်းလေ....ဒါလောကနိယာမပါပဲ....
လူဆိုတာ ကိုယ့်ကိုကိုယ်ထက် ဘယ်သူ့
ကိုမှ ပိုမချစ်သလို စစ်မှန်တဲ့ ချစ်ချင်းမေတ္တာ
ဆိုတာ ရှိကိုမရှိပါဘူး....""သရဖီက ပို၍လေးလာသော သံပြားကြီး
ကြောင့် ခြေကန်အံကျိတ်၍ သံကြိုးကိုဆွဲထား
ရင်းမှ အမှောင်ရိပ်အတွင်းမှ ပုဂ္ဂိုလ်ကြီးကို
မေးလိုက်၏။"ရှင်ကဘယ်သူလဲ....ဘာလို့ကျွန်မတို့ကို
ဒုက္ခပေးရတာလဲ...."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇