အပိုင်း ၁၇

24 1 0
                                    

အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                       အပိုင်း(၁၇)

     နံရံထောင့် အမှောင်ရိပ်နေရာ၌ ဆံပင်
ဖားလျားချထားပြီး အကျည်းတန် ကြောက်
မက်ဖွယ်မျက်နှာထားနှင့် အစိမ်းသရဲမက
ရုတ်ချည်းဘွားခနဲ ပေါ်လာပြီး ဒေဝီရှိရာ
လှမ်းလာနေ၏။

     "ဟင်..."

     အနည်းငယ်ကွေးကောက် နေသောလက်
၂ဖက်ကို ဆန့်တန်းကာ ဒေဝီရှိရာ တဖြည်း
ဖြည်းလာနေ၏။ ပြူးကျယ်နေသော မျက်ဝန်း
နီနီကြီးကို မျက်လုံးချင်းဆုံအောင် ကြည့်မိစဉ်
ဒေဝီ့လို သမာဓိတည်ဆောက်ထား သောသူ
ပင် ကြက်သီးတဖြန်းဖြန်းထသွားမိသည်။
     နှလုံးရောဂါ အခံရှိသူ၊စိတ်နုသူသာဆိုလျှင်
သည်းခြေပျက်လောက်စရာ မြင်ကွင်းပင်။​

     ဒေဝီ ထိတ်လန့်စိတ်ကို ထိန်းချုပ်ရင်း
အကျင်္ီအိတ်ထဲတွင်အသင့်ထည့်ထားသော
အင်းပြားလေးကို ထုတ်ရန်စဉ်းစားမိစဉ်မှာပင်

     "ဟာ..."

     သူမ၏ လက်၂ဖက်ကို တစ်ဖက်တစ်ချက်
ဆီမှ အစိမ်းဝိညာဉ်၂ကောင်က ပေါ်လာပြန်
ပြီး ဖမ်းချုပ်ကြတော့သည်။

     ဒေဝီ လှုပ်ရှား၍မရတော့ဘဲ ရှိ၏။ သူမ
လက် ၂ဖက်ကိုဖမ်းချုပ်ထားသော အစိမ်း
သရဲများမှာလည်း အကျည်းတန်ပြီးကြောက်
စရာကောင်းလှသော ရုပ်ရည်သွင်ပြင်များ
ဖြစ်သဖြင့် ဒေဝီမည်သို့စိတ်တင်းထားထား
ထိတ်လန့်စိတ်တော့ဖြစ်လာမိသည်။

     ဒေဝီ ဖမ်းချုပ်ခံထားရသော လက်များကို
ကြိုးစားရုန်းကန်ပါသော်လည်း အချည်းအနှီး
သာဖြသ်သည်။ မြဲမြံလှသော လက်ကြီးများ
က သူမလက်ကို မလွတ်စတမ်းကိုင်ထားကြ
သဖြင့် ဒေဝီ အခက်တွေ့နေ၏။
     သူမရှိရာ တဖြည်းဖြည်းလာနေသော အစိမ်း
သရဲမသည်လည်း သူမနှင့်တဖြည်းဖြည်းနီးကပ်
လာပြီဖြစ်သည်။ အစိမ်း သရဲမ၏လက်၂
ဖက်က ဒေဝီ့လည်တိုင်ကို ဖမ်းဆုတ်ညှစ်ရန်
လက်လှမ်းလာ၏။
     ​ေဒဝီ့ တစ်ကိုယ်လုံး ချွေးစေးတို့စိမ့်ထွက်လာ
ပြီး အားသုံးကာ ရုန်းကန်သော်လည်း အခြေ
အနေမထူးခြားသဖြင့် ကြံရာမရဖြစ်လာမိသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now