အပိုင်း ၆

27 2 0
                                    


အပိုင်း(၆)

        "ဟင်...."

         "မမ...ဘယ်လိုဖြစ်လာတာလည်း...."

         သွေးသံရဲရဲနှင့် ယိမ်းရိုင်ခြေလှမ်းတို့ဖြင့်
ဂူအတွင်းဝင်လာအမဖြစ်သူကို မဏိစိုးရိမ်ပူပန်
စွာပြေး၍တွဲလိုက်၏။

          လူသားအသွင်အတိအကျမဖြစ်သေး...
အမွှေးအမျှင် တို့ခန္ဓာတွင်အနည်းငယ်ကျန်နေ
သေး၏။ အဝတ်စားမရှိတော့ဘဲ အဝတ်စအချို့
သာခန္ဓာကိုယ်၌ကျန်နေ၏။မိမွေးဖမွေးခန္ဓာအတိုင်းသာရှိနေ၏။ တစ်ကိုယ်လုံးကတော့သွေး များစိုရွှဲနေ၏။
          မဏိသိလိုက်၏ သူမ၏အမဖြစ်သူ အ
ဝတ်စားမချွတ်ဘဲ သမန်းဝံပုလွေအသွင်ပြောင်း
လဲခဲ့ဟန်တူသည်။ထိုသို့ဆိုလျှင် ခန္ဓာကိုယ် ၂ဆ
ခန့်ကြီးမားသွားရကား အဝတ်စားများဆုတ်ပြဲ
သွားတက်၏။

          မမ.....

    "အား...ရတယ်...ငါ မသေနိုင်ပါဘူး...မစိုးရိမ်
နဲ့  ဒဏ်ရာတော့နည်းနည်းပြင်းတယ်..."

          "မမကိုဘယ်သူလုပ်တာလည်း...."

           "ရွှေလင်းယုန်....."

            "ဟင်...."

            "ဟုတ်တယ်....သူမမနဲ့ ဆုံပြီးတိုက်ခိုက်
ကြတယ်....သူ့ကိုမမ မနိုင်ဘူးအသက်လုပြေးခဲ့
ရတယ်..."

       "မမ နှင်းမေကိုရောသတ်ပစ်လိုက်ပြီလား.."

          သူမ မဏိကိုခေါင်းခါပြ၏။

        "မမ အဲ့မိန်းကလေးကိုတွေ့ခဲ့ပါတယ်....
သူ့ကိုကြည့်ရတာ အသက်ရှင်ရတာမပျော်တော့
တဲ့ပုံပဲ တာနောကိုသတ်မိတာကိုလည်းသူနောင်
တရနေတယ်...သူ့ကိုအသက်ပေးရှင်လိုက်တာ
ပိုကောင်းတယ်...
        မပျော်ရွှင်ပဲ အသက်ရှင်နေရတာက သေရ
တာထက်ပိုပြီးခံစားရခက်တယ်...
        သူတသက်လုံး ဝမ်းနည်းခံစားပြီးအသက်
ရှင်နေတာပိုကျေနပ်ဖို့ကောင်းတယ်....အဲ့ဒါ
ကြောင့်သူ့ကိုမမ မသတ်တော့တာ...."

         "မမ ဒဏ်ရာများလားဟင်..."

         "အင်း...များတယ်...အမြူတေကိုအသုံး
ပြုပြီးဂူအောင်းကုရလိမ့်... ၃ လလောက်ကြာ
မယ်ထင်တယ်...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora