အပိုင်း ၁၀

22 1 0
                                    

ရင်ကွဲတစ္ဆေ(အပိုင်း ၁၀)

       ရှိုင်းနေနှင့် မေရန်ငြိမ်း မနောဖြူဆေးရုံ
သို့ဝင်၍ ဒဏ်ရာများကိုပြပြီး သတိကောင်းစွာ
မရသေးသော မိန်းကလေး၏ဒဏ်ရာများကို
လည်းဆရာဝန်က စစ်ဆေးပေးနေ၏။မိန်းက
လေး၏ခန္ဓာကိုယ်၌ ဒဏ်ရာဒဏ်ချက်ပေါင်းမ
နည်းရှိနေ၏။

             သူနာပြုမလေးမေးသော လူနာနာမည်
ကို သူမသတိမရတရဖြင့်ဖြေသဖြင့် သူမနာမည် မြတ်ဖူးဝေဖြစ်မှန်း ရှိုင်းနေတို့သိလိုက်ရသည်။

             ဆေးထည့် ပတ်တီးစည်းပြီးလိုအပ်
သည့် ကုသမှုများပြုလုပ်နေချိန် မိန်းကလေး
ကောင်းစွာသတိပြန်ရလာ၏။

             "ကျွတ်...ကျွတ်...အား..."

            စုတ်သပ်လိုက်ရင်း သူမရောက်နေသော
နေရာကို ဝေ့ဝဲအကဲခတ်လိုက်ပြီး ရှိုင်းနေနှင့်
မေရန်ငြိမ်းကိုလည်း မျက်လုံးဝိုင်းလေးနှင့်
ကြည့်နေ၏။

        "ဟို....သမီးဘယ်ရောက်နေတာလဲဟင်...
           ကိုကြီးနဲ့ အမဘယ်သူတွေလဲ..."

           မေရန်ငြိမ်းက ပြုံးလိုက်ရင်း..

            "ညီမလေး လမ်းမှာ...အဲ...မူးလဲနေတာ
တွေ့လို့ ခေါ်လာတာ...ဒါ မနောဖြူဆေးရုံလေ
ညီမလေး..."

           "ဪ...ဟုတ်...ကျေးဇူးတင်ပါတယ်
နော်..."

            ရှိုင်းနေက မိန်းကလေးကိုကြည့်ရင်း

          "ညီမလေးက ဘယ်မှာနေတာလဲ...အိမ်
ကိုဖုန်းဆက်ချင်လား..."

            "ဟုတ်...ဖေဖေ့ကိုဖုန်းဆက်ချင်တယ်...
ဖေဖေရော မေမေရောစိတ်ပူနေကြတော့မှာ..."

             မေရန်ငြိမ်းက သူမ၏ဖုန်းကိုထုတ်ပေး
လိုက်ရင်း...

             "ရော့ညီမလေး ဆက်လေ..."

            မိန်းကလေးက ဖုန်းနံပါတ်တစ်ခုကိုနှိပ်
လိုက်၏။

            တူ....တူ....တူ....

❄❄❄

             နေထူး ကားမောင်းနေရင်း တွေ့ကရာ
လူကို မေးမြန်းကာ မြတ်ဖူးဝေကိုရှာဖွေနေ၏။
တစ်ဦးတည်းသော သမီးငယ်အတွက် နေထူး
ရင်ထဲ၌အလွန်ပင်ပူပြင်းစွာခံစားနေရ၏။နေထူး
က မြတ်ဖူးဝေကို နွယ့်ထက်ပင် ပို၍အချစ်သည်း
သူဖြစ်သည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now