သန္ဓေသားပျော်ရည်ဆေး
အပိုင်း(၈)ကိုစိုးထိုက်နှင့် ခိုင်သဇင်တို့ဇနီးမောင်နှံ
က ထမင်းဖိတ်ကျွေးသဖြင့် ဒေဝီနှင့်မေရန်ငြိမ်း
တို့ ထိုဇနီးမောင်နှံအိမ်သို့ ရောက်နေကြခြင်း
ဖြစ်သည်။ကိုစိုးထိုက်က အရင်နှင့်မတူဘဲ ဒေဝီ့ပညာ
ကိုလေးစားကြောင်းပြောကာ အရင်ကထက်
ဒေဝီ့ကို လေးလေးစားစားဆက်ဆံနေ၏။ထမင်းစားပြီးကြပြီးနောက် အချိုပွဲဝိုင်း
တွင် စကားစမြည်ပြောနေကြရင်းဒေဝီက
ခိုင်သဇင့် ဝမ်းဗိုက်ကို ညာလက်ဖြင့်ခပ်ဖွဖွ
အုပ်ကိုင်ကြည့်ရင်း"အင်း...ခိုင့်ရဲ့ ကိုယ်ဝန်အနားမှာ မကောင်း
တဲ့အငွေ့အသက်တွေတော့ မမြင်ရတော့ပါ
ဘူး..."ဒေဝီ့စကားကြောင့်ခိုင်သဇင် ဝမ်းသားအား
ရပြုံးလိုက်ရင်း"တော်သေးတာပေါ့ ဒေဝီရယ်...ငါအဲ့ဒီ့နေ့
က တော်တော်ကိုလန့်သွားတာ...ပရလောက
သားက လူလက်ကိုကိုင်ပြီး လှေကားပေါ်ကဆွဲ
ချဖို့ကြိုးစားတယ်လို့ ငါပြောပြရင် ယုံတဲ့သူ
တောင်ရှိမှာမဟုတ်ဘူး...
ငါလည်း ကိုယ်တွေ့ဒီလိုကြီးကြုံရတော့
တော်တော်ကို လန့်သွားတာ...တစ်သက်နဲ့
တစ်ကိုယ် အဲ့လောက်တစ်ခါမှ မကြောက်
ဖူးပါဘူး..."မေရန်ငြိမ်းက သူမကိုပြုံး၍ကြည့်ရင်း
"ပုံမှန်ဆိုရင်တော့ ပရလောကသား
တွေက လူတွေကိုထိတွေ့တိုက်ခိုက်လေ့
မရှိကြပါဘူး ခိုင်ရဲ့...ဘာလို့ဆို သူတို့က
လူကို ထိတွေ့တိုက်ခိုက်ပြီးတိုင်း သူတို့ရဲ့
ကမ္မဇိတ္ထိက အင်းအားလျော့တယ်လေ...
ဒီတော့အကျိုးအကြောင်းမရှိဘဲ လူကိုထိ
ပြီး အင်အားအလျော့မခံကြပါဘူး...အခုခိုင်တွေ့ခဲ့တဲ့ သရဲက ခိုင့်ကိုတိုက်ခိုက်
ဖို့ရည်ရွယ်ချက်နဲ့ တစ်စုံတစ်ယောက်က ပညာ
နဲ့လွှတ်လိုက်လို့သာ ခိုင့်ကို အလွယ်တကူ ထိ
ကိုင်ခဲ့တာပါ..."စိုးထိုက်က မေရန်ငြိမ်းကိုပြုံး၍ကြည့်ရင်း
"ငြိမ်းလည်း ပရလောကအကြောင်း
တော်တော် နားလည်နေပြီပဲ...
ငြိမ်းက ဦးလေးသီဟရဲ့ တူမအရင်းပဲဟာ...
ဒေဝီ့လို လောကီပညာတွေ သင်ပါလား...
မှော်ဆရာမလေး နှစ်ယောက်ဖြစ်သွားရင်
ဒေဝီလည်း တိုင်ပင်ဖော်ရတာပေါ့..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇