အပိုင်း ၉

32 0 0
                                    


မိစ္ဆာချစ်သူ
အပိုင်း(၉)

"ဆရာ...တောင်ကြီးဘက်က ဘိန်းရာဇာက
အခု ရွှေမြန်မာ ဟော်တယ်ကိုရောက်နေတယ်တဲ့
ဆရာ့ကိုတွေ့ချင်တယ်တဲ့ ဖြစ်နိုင်ရင် ညနေလာ
ခဲ့ပါလားတဲ့...အလုပ်ကိစ္စလေးပြောချင်လို့ပါတဲ့.
..."

ရှိုင်းနေ ထိုင်နေရာမှ တပည့် ပေတိုးကို
မော့ကြည့်လိုက်ရင်း...

"အေး...ငါလာမယ်လို့ဖုန်းပြန်ဆက်လိုက်
ကြာ...."

"ဟုတ်ကဲ့ ဆရာ...."

ပေတိုးက မသွားသေးဘဲရပ်နေသော
ကြောင့်....

"ဟေ့ကောင်...ဘာလဲကွ သွားတော့လေ.."

"ဟို..."

"ဩ...ပြောစရာရှိလို့လားပြောလေ..."

"ကျွန်တော် ငွေသိန်း၂၀လောက်လိုလို့
ဆရာ..အဲ့ဒါကျွန်တော့်ကိုကြိုထုတ်ပေးပါလား.."

"ဟင်...မင်းကိုငါပုံမှန်ပေးနေတာပဲ ဘာ
လို့အဲ့လောက်ငွေလိုနေရတာလည်း...မင်းဖဲရှုံး
တာမဟုတ်လား...."

" မဟုတ်ပါဘူး ဆရာ....ကျွန်တော့်သား
လေး...အသည်းခွဲစိတ်ကုသရမယ်ဆရာ အဲ့ဒါ
ကျွန်တော့မှာရှိတဲ့ငွေနဲ့မလောက်လို့ပါ...."

"ဩ...ဒီလိုလား...ဒါဆိုလည်းယူလေ...
လိုရမယ်ရ ငါ ၃၀ ပေးလိုက်ပါ့မယ်....နောက်မှ
မင်းလုပ်အားခထဲကပြန်ဖြတ်မယ်...."

"ကျေး...ကျေးဇူးတင်လိုက်တာ ဆရာရယ်
ကျွန်တော့်သားလေးက ကျွန်တော့်ဘဝဗျ....
ကျွန်တော် သားလေးကိုအများကြီးမျှော်လင့်
ထားတာ...ကျွန်တော်အခု သားလေးကို ကောင်း
ကောင်းမွန်မွန် ဆေးရုံတင်နိုင်တော့မယ်....
ကျေးဇူးတင်ပါတယ်ဆရာ...."

ရှိုင်းနေ ပြုံး၏။

"မင်းရဲ့ကလေးက မင်းဘဝအတွက်ဘယ်
လောက်အထိအရေးပါလဲ ပေတိုး...."

"ဘယ်နှယ့် မေးပါလိမ့်ဆရာရယ်...ကျွန်တော့်
ရဲ့အသက်ထက်ပိုပြီး ကျွန်တော်တန်ဖိုးထားတာ
ပေါ့....ကျွန်တော်ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း
သားလေးရဲ့မျက်နှာကိုမြင်လိုက်ရရင်...ကျွန်
တော်ပင်ပန်းထားသမျှ ယူပစ်လိုက်သလိုကို
ပျောက်သွားတာဆရာရဲ့....
ဒီကောင်က စာသိပ်တော်တာဗျ...ကျွန်တော်
သူ့ကို ပညာတက်ကြီးဖြစ်စေချင်တယ်ဗျာ....
ကျွန်တော့်လို ဒုစရိုက်သမားမဖြစ်စေရဘူး...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now