အပိုင်း ၃၅

21 1 0
                                    


ရင်ကွဲတစ္ဆေ

                         အပိုင်း(၃၅)

     ကျွန်တော်တို့ လေးယောက်ကိုရန်နိုင်၏အိမ်သို့
ရောက်ခဲ့ကြသည်။မေသူလေးက ကျွန်တော့်ကို
တွေ့သည်နှင့် ကျွန်တော့်ပေါင်ကိုပြေးဖက်၏။

    " လေးလေးဇာမဏီ...."

     ကျွန်တော် မေသူ့ခေါင်းလေးကိုပွတ်၍ဖွလိုက်
ရင်း

     " သမီးအတွက် မုန့်တွေဝယ်လာတယ်..."

     " ဟေး...ပျော်လိုက်တာ..."

     ကျွန်တော်မေသူလေးကို ပွေ့ချီလိုက်သည်နှင့်
တံခါးဝသို့ ကိုရန်နိုင်ရောက်လာပြီး ကျွန်တော်တို့ကို
ပြုံးပြနှုတ်ဆက်ရင်း

      "ဟာ...ညီတို့အဖွဲ့ပါလား လာကြဗျာ..."

     ကျွန်တော်တို့ ကိုရန်နိုင့်ဧည့်ခန်းတွင်အသီးသီး
ထိုင်လိုက်ကြပြီး မေရန်ငြိမ်းက ကျိန်စာအကြောင်း
နှင့် မေသော်တာကားတိုက်ခံရပုံအကြောင်းတို့ကို
အတိုချုံး၍ ကိုရန်နိုင့်အားပြောပြလိုက်၏။

    ကိုရန်နိုင် ဂရုတစိုက်နားထောင်နေရင်းမှ
မေရန်ငြိမ်းစကားဆုံးသွားမှပြော၏။

    "အင်း...ကျိန်စာကိုဖြည်ဖို့ ဝိညာဉ်ခုနှစ်ခုကိုကူညီ
ရတာပေါ့...အစကတော့ဒီလိုကိစ္စတွေအယုံအကြည်
မရှိပါဘူး...ဒါပေမယ့် အခုတော့တဖြည်းဖြည်းယုံ
ကြည်လာပါပြီ...
    အကို့အပိုင်းက အကိုတက်နိုင်တာဆိုရင် ဘာမဆို
ကူညီပေးပါ့မယ်..."

     ရှိုင်းနေက ကိုရန်နိုင့်အားကြည့်လိုက်ရင်း

    "ကိုရန်နိုင်ကျွန်တော်တို့ကို တစ်ခုကူညီနိုင်မလား
လို့...နှင်းဆီလမ်းဆုံနားက လမ်းတံတား လုံခြုံရေးရုံး
ခွဲမှာ မေသော်တာကားတိုက်ခံရပြီး သေတဲ့နေ့က
Cctv မှတ်တမ်းကို ကျွန်တော်တို့ကြည့်ချင်တာပါ...
အဲ့ဒါ...ကျွန်တော်တို့ချည်းပဲသွားရင် အဲ့ဒီ့မှတ်တမ်း
ကို တာဝန်ရှိသူတွေကပြကြမှာမဟုတ်ဘူး..."

    ကိုရန်နိုင်က ခေါင်းည်ိမ့်လိုက်ရင်း

  "အင်း...အကိုလိုက်ခဲ့ပါ့မယ်...မပူနဲ့ညီတို့ ဒီကိစ္စက
အကို့အတွက် အပန်းမကြီးပါဘူး..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now