အပိုင်း ၂၄

21 1 0
                                    


ရင်ကွဲတစ္ဆေ

                         အပိုင်း (၂၄)

     ကြည်လင်ခြင်းမရှိသော စိတ်အလျင်တို့ ရှုပ်ထွေး
မှုသက်သာစေရန် အလို့ငှါ ကျော်ဇောပြုနေကျ
အတိုင်း အာနာပါန ရှုမှတ်လျှက်ရှိသည်။ ၁၀နှစ်
သားလောက်ကတည်းက အမြဲရှုမှတ်လေ့ရှိသော
အကျင့်ရှိခဲ့ပြီး အာနာပါန ရှုခြင်းသည် ကျော်ဇောအ
တွက် ပြုလပ်နေကျ ထုံးစံတစ်ခုလိုပင်ဖြစ်နေ၏။

     မျက်လုံးအစုံကို ခပ်ဖွဖွသာမှိတ်ထားရင်း ဝင်
လေထွက်လေကို မှတ်သားနေရင်း အတွေးတို့မပျံ့
လွင့်အောင် ဂရုစိုက်နေမိသော်လည်း မကြာသေး
မီက ဖြစ်ခဲ့သော အဖြစ်ဆိုးများကိုပြန်လည်မြင်
ယောင်မိရင်း အတွေးတို့ပျံ့လွင့်လာပြန်သည်။
ပျံ့လွင့်သွားသောစိတ်ကို ချုပ်ထိန်း၍ စိတ်တည်
ငြိမ်အောင်ကြိုးစားနေသော်လည်း မလွယ်ကူဖြစ်
နေ၏။

      ရုတ်တရက် အာရုံ၌ ဝင့်နဒီ့၏မဲ့ပြုံးပြုံးနေသော
မျက်နှာကို အရင်မြင်လိုက်ရပြီး တွဲလောင်းအချည်
ခံထားရသော နှင်းလုံးအိမ်၏အသနားခံနေသလို
မျက်နှာကို မြင်လာရသည်။

     "ကျာ်...နှင်း...မတရားအသတ်ခံရတာပါ..."

      မျက်ရည်တို့စီးကျလျှက်သနားစဖွယ်ပြောနေ
သော နှင်းလုံးအိမ်၏သွင်ပြင်ကို မပီဝိုးတဝါးတွေ့
လိုက်ရသည်။

      ရုတ်တရက် ကျော်ဇောမျက်လုံးများဖျက်ကနဲ
ပွင့်လာပြီး တစ်ကိုယ်လုံးချွေးစေးတို့ပျံလျှက်ရှိ
သည်။ ပြင်းထန်သော ကာယလေ့ကျင်ခန်းလုပ်
ထားသလို ကျောဇော ပင်ပန်းလျှက်ရှိပြီး သက်ပြင်း
တစ်ချက်ချလိုက်မိသည်။

     "ဟူး..."
     "ဘာတွေလဲကွာ...နှင်းသေရတာကို ငါမသိစိတ်
က ဘဝင်မကျတာလား..."

     "အခုတလော နဒီတင်မကဘူး...တခြားအဖွဲ့သား
တွေလည်း နှင်းရဲ့ပုံရိပ်ကိုတွေ့တယ်လို့ပြောကြ
တာ ၅ယောက်ထက်မနည်းတော့ဘူး...
ငါလည်း မနေ့ညကတွေ့ခဲ့တယ်...အမြင်မှားတာ
ပဲလား... တကယ်မကျွတ်လွတ်တာလား...
နှင်းက ဇော်ကြီးပြောသလို လုပ်ကြံခံရတာလား..."

     ကျော်ဇော စုတ်တချက်သပ်လိုက်ရင်း

     "ကျွတ်...ဒီကိစ္စမျိုးကို ငါဘယ်သူ့ကိုအားကိုးသင့်
လဲ...ငါ...ဘာလုပ်သင့်လဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now