16 0 0
                                    

အသက်ခြွေကုတင်
                       အပိုင်း(၄)

     ညဥ့်နက်နေပြီ ဖြစ်သော်လည်း
စံညိုတစ်ယောက် အိပ်မပျော်နိုင်သေးပါ။

     ရင်ဘက်ထဲမှ အောင့်သက်လှသော
ဝေဒနာကြောင့် ညီးတွားနေမိသည်။

     အဟွတ်!...အဟွတ်...အွတ်...

     ထုံးစံအတိုင်း ချောင်းဆိုးလျှင်သွေးစများ
ပါးစပ်မှ ထွက်လာပြန်သဖြင့် ပုဝါဖြင့် နှုတ်
ခမ်းကို သုတ်လိုက်ကာ ပို၍အောင့်သက်
လာသော ရင်ဘက်ကို ဖိကိုင်ထားမိပြီး
မျက်လုံးကိုမှိုတ်ကာ မှိန်းနေမိသည်။

     လွန်ခဲ့သော လအနည်းငယ်က စံညိုမှာ
အားကောင်းမောင်းသန် ယောင်္ကျားတစ်
ယောက်ဖြစ်ခဲ့သော်လည်း ယခုမူ ရောဂါ
နှိပ်စက်သဖြင့် အရိုးပေါ်အရည်တင်သာ
ကျန်တော့ပြီး မျက်ကွင်းများမှာလည်း ညို
မည်းနေကာ ရောဂါသည်တစ်ယောက်မှန်း
မြင်ရုံနှင့် သိသာလွန်းလှသည်။
     တစ်နေ့တစ်ခြား ခြောက်သွေ့ မွဲညိုလာ
သောအသားအရည်နှင့် အတူ ရင်ဘက်အောင့်
သည့် ဝေဒနာသည်လည်း ပိုပို၍ ဆိုးလာ
ခဲ့သည်။
     လွန်ခဲ့သော လအနည်းငယ်ကပင် ကျန်းမာ
သန်စွမ်းပြီး ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသူ
မှာ ယခုတော့ အဘိုးအိုတစ်ယောက်နှယ်
ပိန်လီ၍နေပြီ ဖြစ်သည်။ အချိန်တိုလေး
အတွင်း ထိုသို့ဖြစ်လာသည်ကို စံညို သူ့
ကိုယ်သူပင် အံ့သြနေမိသည်။

     လက်လှမ်းမှီသလောက် ဆေးဆရာများကို
ပင့်၍ ကုသသော်လည်း ရောဂါမယ်မယ်ရရ
ရှာမရဘဲ အဆုတ်သိပ်မကောင်းဟုဆိုကာ
ဆေးများပေးထားခဲ့ကြသည်။
     စံညို့ကျန်းမာရေးက တစ်နေ့တစ်ခြားပိုဆိုး
လာပြီး ဆေးဆရာများစွာ ပြောင်းလဲကုသ
ခဲ့သော်လည်း အခြေအနေက ထူးမလာခဲ့ပါ။
     သူ့ကိုယ်သူ မကြာမီနေဝင်တော့မည်ကို
စံညို ရိပ်မိလာခဲ့သည်။ သူ၏ ရိုးသားအေးဆေး
လှသော ချစ်ဇနီး ခင်ခင်ထားကို လောကကြီး
အလယ်၌ တစ်ယောက်တည်းထားခဲ့ရမည်ကို
သူ စိတ်မချနိုင်ဖြစ်နေမိသည်။

     သူ၏ အခန်းတွင်းသို့ ဝင်လားသော ခင်ခင်
ထားက စံညို့ကို စိုးရိမ်တကြီးကြည့်ရင်း

     "ဟင်...အကို... ချောင်းဆိုးတာသွေးတွေ
ပါပြန်ပြီလား..."

     ခင်ခင်ထားက သူ၏နှုတ်ခမ်းတွင် အနည်း
ငယ်စွန်းထင်ကျနနေသေးသော သွေးစများကို
ပုဝါဖြင့်ညှင်သာစွာသုတ်ပေးနေ၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now