အပိုင်း ၁၁

29 2 0
                                    

မိစ္ဆာချစ်သူ
                        အပိုင်း(၁၁)   

        နေရောင်ခြည် စားသောက်ဆိုင်က နေ့
လည်ပိုင်းမို့လူရှင်းနေ၏။သူမနှင့်ကျွန်တော်အ
ပြင် တခြားသုံး လေးယောက်ခန့်သာရှိ၏။

         အသားကင်ကို ခရင်းစိုက်၍စားနေသော
သူမ၏နှုတ်ခမ်းလှလှလေးကို ကျွန်တော်ငေး
ကြည့်နေမိသည်။ မာယာက ကျွန်တော့်ကိုပြန်
စိုက်ကြည့်လာ၍ ကမန်းကတန်းမျက်နှာလွှဲလိုက်
ရသည်။

        "ဘာကြည့်တာလည်း..မမြင်ဖူးတဲ့လူတွေ
ကျနေတာပဲ...."

         သူမပြောတော့မှ ကျွန်တော်ရှက်ကိုးရှက်
ကန်းဖြင့် ပြန်၍ပြုံးလိုက်မိရင်း...

       "မာယာ.....ဟို....."

       "အွန်း....ဘာလဲပြောလေ..."

     "ငါ.....အင်း....ဘယ်လိုပြောရမလဲမသိဘူး.."

       "မသိရင်လည်း မပြောနဲ့တော့...."

       "ငါမင်းကိုချစ်တယ်..."

       "အွန်......အင်း...."

        မာယာက အစားပင်စားမပျက်ပါအရေး
မကြီးသည့်အမူအရာဖြင့်....

      "ထင်သားပဲ ရည်းစားစကားပြောတော့မယ်
ဆိုတာ....ရှင်တို့ယောက်ျားတွေ အကုန်အတူတူ
ပါပဲ ဒီပုတ်ထဲကဒီပဲတွေချည်းပဲ....မိန်းကလေး
တစ်ယောက်နဲ့ရင်းနှီးသွားရင် ချစ်တယ်ကြိုက်
တယ်ပြောကြတော့ပဲ....
         ရှင်လည်း တခြားယောက်ျားတွေနဲ့အတူ
တူပါပဲ ကိုဇာမဏီ...."

      "ဟုတ်တယ်....ငါလည်း သာမာန်ယောက်ျား
တစ်ယောက်ပါပဲ....ဒါပေမယ့် တခြားယောက်ျား
တွေနဲ့မတူတာက ငါကမင်းကိုတသက်လုံးစာအ
တွက် အမြတ်နိုးဆုံး လူတစ်ယောက်အဖြစ်သ
ဘောထားပြီးချစ်တာ...ငါအခုချိန်ထိ ဘယ်မိန်း
ကလေးကိုမှ ချစ်တယ်လို့မပြောဖူးသေးပါဘူး...
မင်းကို ငါတကယ်မြတ်မြတ်နိုးနိုးချစ်တာပါ
မာယာ....."

     "ရှင့်ကို ဘယ်သူကရှင်းပြခိုင်းနေလို့လည်း..."

        "မင်းသိထားသင့်တယ်ထင်လို့ပါ...."

        "မာယာက အသားကင်ကို လှီး၍ဝါးလိုက်
ရင်း...."

        "မသိချင်ပါဘူး....."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now