အမှောင်ကမ္ဘာရဲ့ အလင်းရှင်
အပိုင်း(၄)
ဒေဝီ အတန်ငယ်လှမ်းသော အပြင်ဘက်
လျှောက်လမ်းသို့ ထွက်လာခဲ့မိသည်။
သူမ ကိုယ်ချင်းစာစိတ်နှင့် ကူညီဖေးမလိုသော
စိတ်ကြောင့်သာ ခက်ခဲသောဆုံးဖြတ်ချက်တစ်ခု
ကို ချမှတ်လိုက်တော့သည်။
မိမိအတွက် အန္တရာယ်ရှိနိုင်သော အရာဖြစ်
သော်လည်း သူမထွေထွေထူးထူးမစဉ်းစား
တော့ဘဲ ကိုယ်ချင်းစာစိတ်ကိုသာ အလို
လိုက်မိတော့သည်။ မနီးမဝေးရှိ ကားပါကင်
ရှိရာသို့ လျှောက်လာခဲ့ပြီး ကားထဲတွင်ရှိနေ
သော ယွန်းသေတ္တာလေးကို ယူလာခဲ့၏။ကင်ဆာအထူးကုဌာနအဆောင် ညာဘက်
တွင်ရှိသော ဧရာမ ညောင်မုတ်ဆိတ်ပင်ကြီး
က လေပြေတို့တိုးဝှေ့ကျီစယ်နေမှုကြောင့်
အလိုက်သင့် ယိမ်းခါလှုပ်ရှားနေပြီး အပင်
ကြီး၏ အနီးတဝိုက်၌လူသူရှင်းလင်း၍နေ
၏။
ညောင်ပင်ကြီး၏ ပင်စည်အခြေကိုပတ်
ထားသော အုတ်ခုံအဝိုင်းကြီးပေါ်တွင်လည်း
လူသူမရှိဘဲ မြင်လေရာ နေရာလွတ်တို့သာ
ဖြစ်၍နေ၏။
ဒေဝီ အုတ်ခုံဝိုင်းကြီး၏ တစ်နေရာတွင်
ထိုင်လိုက်ရင်း အနည်းငယ်တွေဝေနေမိသော
စိတ်ကို အနိုင်ပိုင်းလိုက်ပြီး သူမ၏လက်ချောင်း
ဖြူဖြူလေးများက ယွန်းသေတ္တာအနက်ရောင်
လေးကို ပို၍ခပ်တင်းတင်းဆုတ်ကိုင်လာ၏။
ပုံမှန်ထက် တည်ကြည်သွားသောမျက်နှာလေး
မှ ပန်းရောင်နှုတ်ခမ်းလှလှလေးကသစ္စာပြုသံ
အချို့က လေပြည်အသော့တွင်စည်းချက်ညီစွာ
ထွက်ပေါ်လာတော့သည်။"ကျွန်မခန္ဓာ၌ စွန်းထင်းနေသော သွေးရည်
တို့၏ ပိုင်ရှင်...ကျွန်မယခုခွဲစိတ်ခန်းအတွင်း
သို့ ပို့ဆောင်ပေးခဲ့သူသည် အသက်အန္တရာယ်
ရှိနေပြီး သေဆုံးနိုင်ချေသာများနေပြီဖြစ်ပါသည်...
ကျွန်မသည် ရခဲလှသော လူ့ဘဝတစ်ခု
အား အချည်းနှီးသေဆုံးရမည်ကို မလိုလား
ဘဲ ထိုသူအား ကယ်တင်လိုစိတ်ပြင်းပြစွာဖြစ်
မိပါ၏...
ထို့ကြောင့် ဤသေတ္တာ၏ အစောင့်အရှောက်
အား ကျွန်မတောင်းဆုတစ်ခုပြုလို၏...
ဤဆေးရုံသို့ ကျွန်မပို့ဆောင်ခဲ့ရသော..ယခု
ခွဲစိတ်ခန်းတွင်အသက်လုနေရသော သူအား
အသက်မကုန်စေဘဲ မူလပကတိအတိုင်း
ဆက်လက်အသက်ရှင်ပါစေသား...."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇