အခန်း ၃

151 9 0
                                    

အပိုင်း(၃)

           အလုပ်သမား တန်းလျားလေးသို့ပြန်
ရောက်သည်အထိ မိုးသက်ပျော်ရွှင်နေဆဲပါ။
ဤအိမ်သို့ရောက်သည်မှာကြာပြီဖြစ်သော်
လည်း မိခင်ဆုံးပါးပြီး ဖခင်ဒုက္ခိတဖြစ်သည့်
နောက်ပိုင်း သရဖူအနည်းငယ် မာန်မာနလျော့
နည်းလာသည်ဟု မိုးသက်ထင်မိသည်။
          သူ၏လက်ထဲမှ အကောင်းစား ချောက
လက်တောင့်လေးကို ပြုံး၍ကြည့်လိုက်ရင်းနမ်း
ရှိုက်လိုက်မိသည်။

          " ချောကလက်လေးရေ....ငါမင်းကို
မစားဘူး...သိမ်းထားမယ်...ဘာဖြစ်လို့လဲဆို
တော့မင်းက...ငါ့ရဲ့နတ်သမီးလေးရဲ့ လက်က
လေးနဲ့ ထိတွေ့ဖူးတဲ့အရာလေးဖြစ်နေလို့ပဲ..."

          " မောင်လေး...."

            နောက်ဖက်မှခေါ်လိုက်သော အမဖြစ်
သူ နှင်းကဗျာ၏အသံကြောင့် လှည့်ကြည့်ရင်း
ပြုံးပြလိုက်မိသည်။

            "မမ...ဒီနေ့လေ...သရဖူက ကျွန်တော့်
ကို ချောကလက်လေး လက်ဆောင်ပေးတယ်...
သူကျွန်တော့်ကို အရေးတယူဆက်ဆံတော့လေ
အရမ်းပျော်တာပဲဗျာ..."

          မိုးသက်က ပျော်ရွှင်တက်ကြွစွာပြောနေ
သော်လည်း နှင်းကဗျာကတော့ တည်ငြိမ်စွာ
ပင်ပြုံး၍နားထောင်နေပါ၏။

       "မမ...ကျွန်တော်လေ...သရဖူ့ကို..."

            မိုးသက်စကားမဆက်တော့ဘဲ အမဖြစ်
သူ၏ မျက်နှာကိုမော့ကြည့်ရှာ၏။

           နှင်းကဗျာ မောင်ဖြစ်သူ၏ကျောပြင်
လေးကို လက်ဝါးဖြင့်ခပ်ဖွဖွကိုင်လိုက်ရင်း

           "လူတစ်ယောက်က လူတစ်ယောက်ကို
ချစ်မိတာ...အပြစ်မဟုတ်ပါဘူး မောင်လေး
ရယ်...ဒါပေမယ့်...အဆင့်အတန်းနဲ့ ပကာသန
ဆိုတဲ့ သက်မှတ်ချက်တွေကြောင့် အသည်းကွဲ
ခဲ့ကြရပြီး ရူးမတက်ခံစားခဲ့ကြရတဲ့...ချို့တဲ့သူ
တွေ အများကြီးရှိတယ်မောင်လေး.... အဲ့ဒီ့အထဲ
မှာ...မမ မောင်လေးကိုမပါစေချင်ဘူး မောင်
လေးရယ်..."

           မိုးသက် မှိုင်တွေသွားကာ အတန်ကြာ
တိတ်ဆိတ်နေပြီးမှ

           "ကျွန်တော် သဘောပေါက်ပါတယ် မမ
ရယ်...အဆင့်အတန်းမတူတဲ့သူကို ချစ်မိတာ...
ပင်ပန်းလွန်းလှပါတယ်...ဒါပေမယ့်...ကျွန်တော့်
ရဲ့နှလုံးသားက သရဖူမှ သရဖူဖြစ်နေတယ်...
ကျွန်တော်လေ...သူပြန်မချစ်နိုင်မှန်း သိနေပေ
မယ့်...သူ့ကိုမေ့လို့မရဘူး...သူ့ကိုချစ်နေရရင်ပဲ
ကျွန်တော်ကျေနပ်နိုင်ပါပြီ မမရယ်...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now