သန္ဓေသားပျော်ရည်ဆေး
အပိုင်း(၁၃)ကြွေအိုးလေး၂လုံးအတွင်းမှ ထွက်လာ
သောအနက်ရောင်အခိုးအငွေ့များမှာ လူ၂
ယောက်၏ခန္ဓာကိုယ်သဏ္ဍန် ပုံစံပြောင်းလဲ
သွားပြီး ထိုအရာ ၂ခုက မြန်ဆန်စွာပင်
ကျွန်တော်နှင့် ရှိုင်းနေအား တိုက်ခိုက်လာ
တော့သည်။ဝှစ်...ဝှစ်...
ဘုန်း...ဖြောင်း!....
ကျွန်တော်နှင့်ရှိုင်းနေလည်း ကရတေး
သိုင်းသမားများ ပီသစွာ ထိုမည်းမည်းသဏ္ဍန်
ပရလောကသားများ၏ တိုက်ခိုက်မှုကို ရှောင်
ရှားရင်းပြန်လည်တိုက်ခိုက်ကြသော်လည်း
၎င်းတို့၏ ခန္ဓာကိုယ်များမှာ ရာဘာတုံးများ
နှယ် ဖြစ်နေပြီး ကျွန်တော်တို့၏ တန်ပြန်ထိုး
ကျိတ်မှုများကို အနည်းငယ်ပင် မဖြုံကြဘဲ
ရှိ၏။ထိုလူရွယ်က သူ၏ အိတ်အတွင်းမှ ကြိုး၂
ချောင်းကို အမြန်ထုတ်ယူလိုက်ရင်း မန္တန်
တစ်ခုကို ရွတ်ဆိုလိုက်ကာ ဒေဝီနှင့်မေရန်ငြိမ်း
တို့အား ကြိုးများဖြင့် ပစ်ပေါက်လိုက်၏။ဝှစ်....
ကြိုးများမှာ လေထဲ၌ပင် အသွင်ပြောင်း
သွားကြပြီး မြွေဟောက်များဖြစ်လာကြကာ
ပါးပြင်းများထောင်လျှက် သူမတို့ရှိရာသို့
ကိုက်ခဲမည့် အနေအထားဖြင့် လွင့်လာကြ
၏။ရှူး!....
ရွှီး!....
ဟာ....
ဒေဝီက လက်ကိုင်အိတ်အတွင်းမှ ထုတ်
ယူထားပြီးသား အင်းပြားကို ညာလက်ဖြင့်
ဆန့်ကိုင်ကာ သူမထံလွင့်လာသော မြွေဟောက်
ကြီးရှိရာသို့ ထိပ်တိုက်ဖြန့်ကာ ပေးလိုက်၏။ရှူး!....
အင်းပြားမှ ရွှေရောင်အလင်းစက်တစ်ခု
လက်ခနဲ ထွက်သွားပြီး သူမထံလွင့်လာသော
လေထဲမှ မြွေဟောက်ကြီးမှာ တီကောင်လို
တွန့်လိမ်သွားပြီး သူမထံရောက်မလာတော့
ဘဲ မူလအတိုင်းကြိုးတစ်ချောင်းပြန်ဖြစ်
သွားကာ မြေပြင်ပေါ်ပြုတ်ကျသွားတော့
သည်။ရွှီး....
ဘုတ်...
မေရန်ငြိမ်းကတော့ သူမထံလွင့်လာသော
မြွေဟောက်ကြီးကို အလန့်တကြား ညာလက်
ဖြင့် ကာလိုက်မိသဖြင့် မြွေက သူမ၏လက်ကို
ပတ်မိသွားပြီး တပြိုင်နက် သူမ၏ မျက်နှာ
ကို ကြီးမားသော ပါးပြင်းကြီးထောင်လျှက်
ပေါက်ချလိုက်၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇