အပိုင်း ၂၁

26 2 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                     အပိုင်း(၂၁)

     ​ေဒဝီ့ စကားဆုံးသည်နှင့် သူမဖုန်းစပီကာ
လေးမှ ဦးသီဟ၏ စကားသံထပ်ထွက်မလာ
သေးဘဲ ခဏတာ တိတ်ဆိတ်သွား၏။
     ဦးသီဟ ရင်ထဲ၌ သမီးဖြစ်သူ မရဏတြိဂံ
ကျိန်စာမှလွတ်မြောက်ခဲ့ခြင်းကို ဝမ်းမြောက်
မိသော်လည်း သမီးအရွယ်မိန်းကလေးတစ်
ယောက် မရှုမလှ သေဆုံးခဲ့ရခြင်းကို စိတ်
မကောင်းကြီးစွာဖြစ်မိ၏။

     သားအဖ ၂ ယောက်သား မိုးသက်ထန်မသိ
အောင် ဖုန်းဖြင့် တိတ်တဆိတ်ဆက်သွယ်
လေ့ရှိကြသော်လည်း ဤတစ်ကြိမ် ဖုန်းပြော
ဖြစ်ခြင်းသည် ဦးသီဟ ရင်ထဲ၌ ဝမ်းသာခြင်း
နှင့် ဂရုဏာသက်ခြင်းတို့ကို တပြိုင်နက်ခံ
စားရပြီး စိတ်လှုပ်ရှားမှုအမြင့်မားဆုံး အကြိမ်
ပင်ဖြစ်ပါသည်။

      "ဪ.... တော်တော်မိုက်မဲတဲ့ ကလေးမ
လေးပါလား... သူ့စိတ်က တော်တော်ကို
အစွန်းရောက်တာပဲ... စိတ်ရောဂါ အနုစား
များရှိနေလေသလားပဲ...
      အင်းလေ... လောကပါလ နတ်မင်းတွေက
သမီးဒေဝီကို မသေစေချင်သေးလို့ဖြစ်မှာပါ...
ဘာပဲဖြစ်ဖြစ် သမီးဒေဝီ အသက်ဆက်ခွင့်ရ
တာကို အဖေတစ်ယောက်အနေနဲ့ ဖေဖေဝမ်း
သာပါတယ်ကွယ်..."

      ဒေဝီ ဖုန်းစပီကာငယ်မှ ဖခင်ဖြစ်သူ
၏ အသံကို လေးလေးစားစား နားထောင်
ရင်း ပျော်စရာသတင်းရော ဝမ်းနည်းစရာ
သတင်းကိုပါပြောပြနေခြင်းဖြစ်သည်။

     "သမီးအသက်ဆက်ရှင်ရလို့ ပျော်မိပေမယ့်
အပြည့်အဝ မပျော်နိုင်ဘူးဖြစ်နေတယ်...
     မျက်စိထဲမှာ အမပိုးအိမ်ရဲ့ အလောင်းကိုပဲ
မြင်ယောင်နေမိတယ်..."

     "ဘယ်တက်နိုင်မလဲ သမီးရယ်... ဒီကလေး
မက... သူ့အပြစ်ကို သူပြန်ပေးဆပ်ရတယ်ပဲ
သဘောထားလိုက်ပါတော့... သူ့အတွက်ရည်
စူးပြီး သမီးကုသိုလ်ပြုရင် အမျှဝေပေးလိုက်
ပါ..."

     "ဟုတ်ကဲ့ပါ ဖေဖေ..."

      "သမီးဟာ အလွယ်တကူ သေမယ့်သူ
မဟုတ်ဘူး... မရဏတြိဂံ ကနေ တစ်နည်း
နည်းနဲ့ လွတ်မြောက်မယ်ဆိုတာ ဖေဖေ
အစတည်းက ယုံကြည်ပြီးသားပါ...
     သမီးအသက်ဆက်ခွင့်ရလို့ ဝမ်းအသာ
ဆုံးလူက ဖေဖေပါပဲ...
     သမီး... အစစအရာရာ ဂရုစိုက်ပါ...
ရက် ခုနှစ်ဆယ်ပြည့်ဖို့လည်း အရမ်းကို
နီးကပ်လာပြီ...
     ခဏတော့ အပင်ပန်းခံလိုက်ပါဦး..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now