အပိုင်း ၁၈

29 1 0
                                    

အမှောင်ကမ္ဘာရဲ့ အလင်းရှင်
        
                      အပိုင်း(၁၈)

     ဒေဝီရော ပိုးအိမ်ပါ ဒဏ်ရာကိုယ်စီ
ရခဲ့ကြသော်လည်း စိုးရိမ်ရသည့်အခြေအနေ
မရှိကြသဖြင့် မိုးသက်ထန် စိတ်အေးသွားမိ
သည်။ သူမတို့ ၂ ယောက်စလုံးက မိုးသက်ထန်
ဘဝအတွက် အရေးပါသူများ ဖြစ်လာခဲ့ပြီ
မဟုတ်ပါလား။
     တစ်ယောက်က ရင်နှင့်ရင်း၍ မြတ်မြတ်နိုး
နိုးချစ်ရသူ...။ တစ်ယောက်က အမတစ်ယောက်
လို အမေတစ်ယောက်လို သူ့လိုအပ်များကို
စေတနာအပြည့်ဖြင့် လုပ်ဆောင်ပေးတက်သူ...။
မိုးသက်ထန် ဒေဝီ့မျက်နှာလေးကို မမြင်ရ
လျှင် မနေတက်တော့သလို ပိုးအိမ်၏ လက်ရာ
မပါသော ထမင်းပွဲကိုလည်း မစားတက်တော့
သလိုပင်...။

     အထူးကု ဆေးခန်းတွင် သူမတို့ ၂ ယောက်
ကိုလိုလေသေးမရှိအောင် ကုသပေးခဲ့ပြီး
ဖြစ်သော်လည်း အိမ်ပြန်ရောက်ကြသည့်
တိုင် မိုးသက်ထန် လုံးလုံးစိတ်မချနိုင်သေးပါ။
မိသားစု ဆရာဝန်ကို ဖုန်းဆက်ထားပြီး သူမ
တို့ကို တစ်နေ့တစ်ကြိမ်လာကြည့်ပေးရန်
ပြောထားပြီးဖြစ်သည်။

     ဒေဝီက လက်ဖဝါးတွင်ပြတ်ရှဒဏ်ရာ
ရထားသော်လည်း ပိုးအိမ်ထက်စာလျှင်
သူမဒဏ်ရာက တော်သေးသည်ဟုဆိုရမည်။
     ပိုးအိမ်က ညာလက်မောင်း အရိုးအက်သွား
ပြီး ပါးပြင်ကို ပလက်ဖောင်းနှင့် ဆောင့်မိ
ထားသဖြင့် ပါးစောင် အတွင်းပိုင်းထိခိုက်
ထား၏။
     အရိုးအက်သော လက်မောင်းက ခပ်မျဉ်း
မျဉ်းနာနေပြီး စိုးရိမ်စရာ မရှိသော်လည်း ရက်
အတန်ကြာတော့ အနားယူရမည်ဖြစ်သည်။
     မိုးသက်ထန်ကလည်း သူမတို့၂ ယောက်
စလုံးကို လတ်တလော မည်သည့်အလုပ်မှ
ပေးမလုပ်တော့ဘဲ သူမတို့ သက်သာလာသည်
အထိ လစာပေးထားမည်ဟု ပြောထားပြီး
ဖြစ်သည်။

     ထိုးဆေးအရှိန်ကြောင့် မူးဝေနေသော
ပိုးအိမ် သူမအခန်းလေးထဲရှိ ကုတင်ပေါ်
တွင် မှိန်း၍နေ၏။
     မိုးသက်ထန် နွေးနွေးနှင့်အတူ သူမအခန်း
လေးထဲသို့ ဝင်လာခဲ့၏။

     ပိုးအိမ်က မိုးသက်ထန်ကို မြင်သည်နှင့်
လှဲနေရာမှ ထိုင်ရန်ပြင်နေသဖြင့် မိုးသက်ထန်
နှင့် နွေးနွေးက သူမကို တွဲထူပေးပြီးထိုင်၍
ရစေရန် ကူညီလိုက်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now