အပိုင်း ၂၅

18 1 0
                                    


ရင်ကွဲတစ္ဆေ

                        အပိုင်း (၂၅)

        အချိန်ကား ည၈နာရီထိုးလုပြီဖြစ်ပြီး
လူသူပြတ်လပ်သော ဆင်ခြေဖုံးရပ်ကွက်တစ်ခု
၏အစွန်ဘက်လမ်းနံဘေးရှိ ဦးစံညို၏တိုက်အိမ်
ကြီးမှာ ထုံစံအတိုင်း ညအလင်းရောင်တောက်ပ
ခြင်းမရှိဘဲ ခပ်မှိုင်းမှိုင်းသာလင်း၍နေ၏။

     သူ၏အလုပ်ခန်းအတွင်း၌ ၁၅ လုံးခန့်ရှိပြီဖြစ်
သောစတီးအိုးအသေးလေးများထည့်ထားသော
သံသေတ္တာကိုကြည့်ရင်းပြုံးလိုက်မိသည်။ဦးစံညို
လောဘရောင်တောက်နေသောမျက်လုံးအစုံဖြင့်
ငွေစက္ကူအပြာရောင်များကိုရေတွက်နေ၏။

    ထိုအခိုက်သူ၏တပည့် ဖိုးထူးရောက်လာပြီး

     "ဆရာကြီး ဧည့်သည်နှစ်ယောက်က
ဆရာကြီးနဲ့တွေ့ချင်လို့တဲ့..."

     ဦးစံညို မျက်မှောင်ကျုံ့လိုက်ရင်း

      "ဟုတ်လား...ဒီကိုလာဖူးတဲ့သူလား...
တစိမ်းတွေဆို ခြံထဲတော်ရုံပေးမဝင်နဲ့ကွ..."

   "မနဒီရဲ့အသိတွေလို့ပြောပါတယ် ဆရာကြီး..."

     " ဟေ...နဒီ့အသိလား...အေး...ဒါဆို
လွှတ်လိုက်..."

      ရေလက်စငွေများကို အံဆွဲထဲထည့်သိမ်း
လိုက်ရင်း အခန်းကိုပိုလင်းစေရန် မီးလုံးတစ်
လုံးကို ခလုတ်နှိပ်၍ထပ်ထွန်းလိုက်၏။

     သူ၏အလုပ်ခန်းထဲသို့ဝင်လာသော လူရွယ်
တစ်ယောက်နှင့်  မိန်းမပျိုတစ်ယောက်ကိုမော့
ကြည့်လိုက်ရင်း

     "ဘာကိစ္စတုန်းကွ..."

     လူရွယ်ကပြော၏

     "ဟုတ်ကဲ့...ဆရာကြီးကို အကူအညီတောင်း
စရာရှိလို့ပါ..."

      "အင်း...ဒါနဲ့...မင်းတို့က နဒီ့အသိတွေဆို..."

        "ဟုတ်ပါတယ် ဒီကကျွန်တော့်မိန်းမက
မနဒီရဲ့ ညီမဝမ်းကွဲပါ...ကျွန်တော်တို့ကိုလည်း
ဆရာကြီးဆီကို သူပဲလွှတ်လိုက်တာပါ..."

      "ဪ.....အင်း...အင်း...ဟုတ်ပြီ...ဟုတ်ပြီ
...ပြော...ငါဘာလုပ်ပေးရမလဲ...ဓနကိစ္စလား၊
ပီယကိစ်စလား..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ