အပိုင်း ၇

27 1 0
                                    

မိစ္ဆာချစ်သူ
အပိုင်း(၇)

မွန်းတည့်ချိန်ရောက်သည့်တိုင် ရွာပြန်
လမ်းကိုရှာမတွေ့ခဲ့ပါ။ ဝမ်းကလည်း တကြုတ်
ကြုတ်မြည်လျှက် ဆာလောင်မွတ်သိပ်လှပြီ ဖြစ်၏။ မင်းညို ကလေးသာသာအရွယ်မို့ အား
ငယ် စိတ်ပျက်နေမိ၏။

အတန်ကြာလျှောက်လာတော့ လမ်းတွင်
မိန်းမပျိုတစ်ယောက်နှင့်တွေ့ရ၏။သူမက အ
ဖြူရောင် ခါးဆက်ဝတ်စုံကိုဝတ်ထားပြီး
ကျောက်တုံးတစ်တုံးပေါ်၌ထိုင်နေ၏။ဝတ်စားပုံ
က မြန်မာမဆန်သော်လည်း သူမနှင့်အလွန်ပင်
လိုက်ဖက်ပြီးကြည့်ကောင်းနေ၏။

မင်းညို တောနက်အတွင်း၌ သူ့လို လူ
သားတစ်ယောက်ကိုထပ်တွေ့လိုက်ရသဖြင့်
အလွန်ပျော်ရွှင်သွားမိသည်။ထိုမိန်းမပျိုကို သူ
ကောင်းစွာမှတ်မိနေ၏။ ညက ရေကန်အတွင်း
၌ တွေ့ခဲ့ရသော မိန်းမပျိုဖြစ်ချေ၏။
မင်းညို ဝမ်းသာသွားမိပြီးသူနှင့်မသိပါဘဲ
ခေါ်လိုက်မိ၏။

"ဟာ...မမ..."

သူမက မင်းညိုကိုပြုံး၍ကြည့်လာချေပြီး
ကျောက်တုံးပေါ်မှ ခုန်ချလိုက်၏။

"မောင်လေးက မမကိုသိလို့လား...."

"ဗျာ...ဩ...ဟို..မသိပါဘူးဗျ အမအရွယ်
မို့လို့ မမလို့ခေါ်တာ...."

"ဒါနဲ့ ဒီတောထဲမှာဘာလုပ်နေတာလည်း
မမ ထင်တာမှန်ရင်တော့ မင်းလမ်းပျောက်နေ
တာမဟုတ်လား...."

"ဟုတ်တယ် မမရ မနေ့က ကတည်းကလေ
သူငယ်ချင်းတွေနဲ့ ငှက်ပစ်ထွက်လာရင်း လမ်း
ကွဲသွားကြတာ....ဒါနဲ့မမ ထီးဖြူကန်ရွာကို ပြန်
တဲ့လမ်းသိရင် ပြောပြပါလားဗျာ..."

"ဩ...မင်းက ထီးဖြူကန်ရွာကလား..
အင်း...တော်တော်ဝေးသေးတယ်..."

"ဗျာ...ဝေးသေးတယ်လား...ဒုက္ခပါပဲဗျာ
ကျွန်တော် ဗိုက်လည်းတော်တော်ဆာနေပြီဗျ..."

"အင်း...ဟိုဘက်နားမှာ ငှက်ပျောတော
ရှိတယ် မင်းတို့လူသားတွေအတွက်စားစရာပဲ
ပေါ့....အဲ့ဒီ့ကိုလိုက်ပို့မယ်လေ...လိုက်ခဲ့..."

"ဟား...ဟား....မမကနောက်တယ်ဗျာ...
မင်းတို့လူသားတွေအတွက်တဲ့ မမကရောလူ
မဟုတ်လို့လား...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now