အပိုင်း ၁၄

20 1 0
                                    

ရင်ကွဲတစ္ဆေ

အပိုင်း(၁၄)

         မေရန်ငြိမ်း ရှိုင်းနေကိုလက်ညိုးထိုးပြရင်းပြော
လိုက်သည်။

          "ဟိုမှာ မိန်းမတစ်ယောက်ကိုလူတစ်ယောက်
အန္တရာယ်ပေးနေတယ်..."

           "ဟင်..."

          ရှိုင်းနေ မေရန်ငြိမ်းညွှန်ပြရာသို့ကြည့်လိုက်
မိသည်။အမှောင်ရိပ်ထဲ၌ အရိပ်၂ခုရုန်းရင်းဆန်ခက်
ဖြစ်နေသည်ကို ရှိုင်းနေလည်းတွေ့လိုက်ရသည်။ အ
ရှေ့မှပြေးနေသူအား အနောက်မှလိုက်နေသူက အ
ိငြိုးတကြီးသတ်ဖြတ်ရန်ကြိုးစားနေဟန်ရှိပြီး လက်ထဲမှတစ်စုံတစ်ခုနှင့် ထိုးစိုက်လွှဲခုတ်နေ၏။

         ရှိုင်းနေလည်း ထိုအခြေကိုမြင်ရတော့ တိုက်ခိုက်
ခံရသူအတွက် စိုးရိမ်သွားမိသည်။ ၂ ယောက်စလုံး
မဖြစ်သင့်သည့်ကိစ္စများကို တရားမျှတစေချင်သော
ဝသီ ရှိသူများပီပီ ထိုနေရာသို့ပြိုင်တူ ပြေးလာခဲ့မိကြ
သည်။ အပြေးရောက်လာကြသော်လည်း ထိုဆင်ခြေ
လျှောလမ်းကလေးသို့ ရောက်လာကြသည်တွင်
စောစောက အရိပ်၂ခုစလုံးကို မတွေ့ကြရတော့သ
ဖြင့် ၂ယောက်စလုံး ဇဝေဇဝါဖြစ်သွားကြတော့သည်။

         ရှိုင်းနေ ဝဲယာသို့ကြည့်လိုက်ရင်း..

         "ဟင်...ဘာမှလည်းမတွေ့တော့ဘူး..."

         မေရန်ငြိမ်းက ကျိန်စာကိုသတိရသွားရင်း
မျက်လုံးလေးဝိုင်းသွားပြီး...

       "ရှိုင်းနေ...ခုဏအရိပ်၂ခုက လူတွေမဟုတ်ဘဲ ပရ
လောကသားတွေများလား..."

       မေရန်ငြိမ်းစကားကြောင့်ရိုင်းနေ ခေါင်းကိုဖြည်း
ညှင်းစွာငြိမ့်ရင်း...

        " ဖြစ်နိုင်တယ်ငြိမ်း... "

         "ဟင်...ရှိုင်းနေ...နောက်..နောက်မှာ"

       မေရန်ငြိမ်း ရှိုင်းနေ အနောက်ဘက်သို့ လက်
ညိုးထိုးပြရင်း အလန့်တကြားအော်လိုက်သည်မို့
ရှိုင်းနေအမြန် လှည့်ကြည့်လိုက်သည်။

          "ဟင်..."

         အမျိုးသမီး ပရလောကသားတစ်ဦးကို အနီး
ကပ်မြင်လိုက်ရသဖြင့် ရှိုင်းနေ ရုတ်တရက်ထိတ်
လန့်သွားမိကာ နောက်ဘက်သို့အမြန်ဆုတ်လိုက်မိသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now