အခန်း ၁

9.6K 617 2
                                        

Unicode

Chapter 1: ကြေကွဲဖွယ် အဖြစ်အပျက်

“ဝါး…အား မဖြစ်ဘူး…”

“ဘုရားရေ အရှက်မရှိလုပ်မနေနဲ့”

လူကြီးတစ်ယောက်၏ အသက်ရှူသံပြင်းပြင်းနှင့် မိန်းကလေးတစ်ယောက်၏ ညည်းသံများမှာ ယွီယောင်၏ နားထဲတွင် ကြား‌နေရပြီး သူမသည် ငိုက်မျဉ်းနေရာမှ ရုတ်တရက်နိုးထလာခဲ့သည်။

မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။ သူမ မည်သို့ အသက်ရှင်နေသေးသနည်း။

ယွီယောင်သည် သူမ၏အသက်ရှူသံနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများအား ထိန်းချုပ်ရင်း မျက်လုံးများကို တိတ်တဆိတ်ဖွင့်ကြည့်လိုက်သည်။ သူမသည် အဖြူရောင် နံရံနှင့် အပေါ်တွင်တည်ရှိနေသော မျက်နှာကျက်ကို တွေ့ရှိခဲ့သည်။ သူမသည် ဆေးရုံတွင်ရှိနေပုံပေါ်သည်။

သူမသည် အနည်းငယ် စောင်းကြည့်လိုက်ပြီး သူမ၏ဘေးမှ တစ်ယောက်အိပ်ကုတင်ကျဉ်းလေးပေါ်တွင် ခပ်ဝဝလူတစ်ယောက် လဲလျောင်းနေသည်ကို တွေ့လိုက်သည်။

ဖြူပြီး သွယ်လျလှသော ခြေထောက်မှာ သူ့အောက်တွင် ရုန်းကန်ရင်း ကန်ချင်စောနှင့် အပေါ်မှလူအား ကန်ပစ်လိုက်သည်။ လှုပ်ရှားမှုများကြောင့် ထိုလူမှာ စိတ်တိုသွားသည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး သူ့အောက်တွင်ရှိနေသော မိန်းကလေးအား ရိုက်လိုက်သောကြောင့် သူမမှာ ကျယ်လောင်စွာ ငိုကြွေးနေသည်။

“ဝါး... ဝါး... အရမ်းနာတယ်။ အမေရေ အမေရဲ့...”
သူမသည် ကလေးငယ်တစ်ယောက်ကဲ့သို့ စတင်၍ငိုကြွေးပါတော့သည်။

“ဟာ ပျော်စရာလည်းမကောင်းဘူး”
ထိုလူသည် စိတ်ပျက်လက်ပျက်နှင့် ထလိုက်ပြီး သူ၏ ဘောင်းဘီများအား ပြီးစလွယ် ပြန်ဝတ်လိုက်သည်။ သူသည် မော့ကြည့်လိုက်ပြီး တစ်ဖက်ကုတင်‌ပေါ်တွင် လဲလျောင်းနေသော ယွီယောင်အား တွေ့သောအခါ အေးစက်စွာ ကြည့်လိုက်သည်။

“အိုး ခွေးမလေး နောက်ဆုံးတော့ နိုးလာပြီပဲ”
ထိုလူ၏ မျက်နှာပြည့်ပြည့်ကြီးမှ ဆိုးသွမ်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ “ငါ မင်းလိုမျိုး ပြည့်ပြည့်ဖြိုးဖြိုး မိန်းမငယ်လေးတစ်ယောက်ရဲ့ အရသာကို ငါအမြဲတမ်း လိုချင်နေခဲ့တာ။ ဒီတိုင်း အိပ်နေတာက ပျင်းစရာကြီး။ ထုံးစံအတိုင်း မင်းနိုးလာတော့ ပိုပြီးပျော်စရာကောင်းတာပေါ့”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now