Unicode
Chapter 31: အလွန်ချောသောအစ်ကိုကြီး
“မဖြစ်နိုင်တော့ဘူး ထင်နေတာလား” ယွီယောင်သည် သရော်ဟန်နှင့်ပြောခဲ့သည်။ “ထိပ်တန်းတက္ကသိုလ်တွေကကျောင်းသားတွေက သူတို့ရဲ့ဖုန်းတွေထဲက ဒေတာတွေကိုပြန်ယူလို့ရတာ မသိဘူးလို့မပြောနဲ့”
ထို့နောက်ယွီယောင်သည် ကြောင်ကြည့်နေသောကောင်းချန်အား သူမ၏ဖုန်းကိုလှမ်းပြလိုက်သည်။ “နောက်ပြီး ငါတို့အစ်ကိုငယ်က ခုနကသူ့ဖုန်းကိုအသည်းအသန်ရှာနေတုန်းက ငါနင့်ရဲ့ဖုန်းထဲကို ပုံနဲ့ဗီဒီယိုတွေကိုပို့လိုက်တယ်”
ကောင်းချန်သည်မသိစိတ်ကယွီယောင်၏ဖုန်းကို လုချင်သော်လည်း သူမသည်ဖုန်းကိုင်ထားသောလက်အား ဖြည်းညှင်းစွာပြောင်းလိုက်ကာ ယွီကျွယ်၏အနောက်တွင် ဖွက်ထားလိုက်သည်။
ရုတ်တရက်ပင်ယွီကျွယ်သည် သူ၏ညီမလေးအပေါ်တာဝန်တစ်ခုရရှိသကဲ့သို့ ခံစားမိခဲ့သည်။ သူသည် ယွီယောင်၏အရှေ့၌ရပ်လိုက်ကာ သူမဆီသို့ပြေးလာချင်နေသော ကောင်းချန်အား ပိတ်ဆို့လိုက်သည်။
ကောင်းချန်မှာကြောက်ရွံ့နေခဲ့သည်။ သူသည်ငွေညှစ်ခြင်းနှင့် အကျပ်ကိုင်ခြင်းတို့အတွက်စွပ်စွဲမခံရချင်သကဲ့သို့ ထောင်ထဲသို့မသွားချင်ပါ။ ထို့ပြင်သူသည်သူ၏ကျန်ရှိသည့်တစ်ဘဝလုံး မပျက်စီးသွားချင်သည်မှာ အသေအချာပင်ဖြစ်သည်။
အဘယ်ကြောင့်ဤကဲ့သို့ဖြစ်ရသနည်း။ ယိုးယွင်သည် အစပိုင်းတွင် ယွီယောင်အားဖျားယောင်းသွေးဆောင်ရန် သူ့ကိုအလိုရှိခဲ့သည်။
ဟုတ်သည်။ ဤအရာအားလုံးမှာယိုးယွင်ကြောင့်ပင်ဖြစ်သည်။ သူမသည်ဤကဲ့သို့လုပ်ရန်သူ့အားတွန်းအားပေးခဲ့သူဖြစ်သည်။
ကောင်းချန်သည်နောက်သို့လှည့်၍ ယိုးယွင်၏အင်္ကျီလက်အားဆွဲလိုက်သည်။ “မမလေးယိုး၊ ငါ့ကိုဖြေရှင်းနည်းအမြန်စဉ်းစားပေးပါဦး။ ငါတို့က တစ်လှေတည်းစီးနေကြတာပဲလေ”
“သေလိုက်” တစ်ဖက်မှအခြေအနေအားစောင့်ကြည့်နေခဲ့သော ယိုးယွင်သည် ဒေါသတကြီးနှင့်ကောင်းချန်အားရိုက်ပစ်လိုက်သည်။ “နင်ကအရင်ကပိုက်ဆံမမြင်ဖူးတဲ့ သနားစရာကောင်းတဲ့သူတောင်းစား၊ ပိုက်ဆံနဲ့မတန်တဲ့ကောင်ပဲ။ ငါသတိပေးလိုက်မယ်။ နင်ရှာတဲ့ပြဿနာအတွက်တာဝန်ယူ။ ငါ့ကိုလာရှုပ်ရင်ဘာဖြစ်မလဲစောင့်ကြည့်လိုက်”
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...