118 01
Chapter 118: ဈာပနမှ သူစိမ်း
ဤသည်မှာ သုဿာန်ဖြစ်သည်။ လူများငိုကြွေးပူဆွေးနေသည်မှာ သာမန်ဖြစ်သော်လည်း သူမထိုလူနားမှ ဖြတ်မိသွားသောအခါ ဖော်ပြ၍မတတ်သော စိတ်ခံစားချက်မှာ သူ၏ရင်ထဲ၌ ပေါ်ပေါက်လာခဲ့သည်။
သူမသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ယွီလန်သည် ယွီယောင်အား ထူးဆန်းစွာ ကြည့်လိုက်သည်။ "ယောင်ယောင်၊ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား"
"နေကောင်းပါတယ်" ယွီယောင်သည် ခေါင်းခါလိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ မေးလိုက်သည်။ "အစ်ကို၊ ခုနကဟိုနားကို သွားတဲ့သူကို သတိထားမိလား"
ယွီလန်သည် ဆန့်ကျင်ဘက်နေရာအားကြည့်ကာ ထိုလူ၏နောက်ကျောအား မမြင်ရတော့ပေ။ သူသည်ပြောလိုက်သည်။ "ငါသူ့ရဲ့ရုပ်ရည်တွေကို အရမ်းအာရုံမစိုက်ပေမယ့် ဒါကသုဿာန်လေ။ သေသွားတဲ့လူအတွက် လာပြီးငိုတာက သာမန်မဟုတ်ဘူးလား"
"ဒါပေမယ့်ဒါက အများပိုင်သုဿာန်မဟုတ်ဘူးလေ။ ဒီနေရာမှာ မြုပ်နှံထားတဲ့ လူတိုင်းနီးပါးက အသက်စွန့်ထားတဲ့ရဲအရာရှိတွေပဲ။ အဲ့ဒီလူက ရဲအရာရှိချန်းမိုအတွက် ဝမ်းနည်းပူဆွေးပေးဖို့ လာတာဖြစ်နိုင်တယ်"
ယွီယောင်သည် ပိုပို၍ မျက်မှောင်ကြုတ်လာခဲ့သည်။ "ဒါပေမယ့်သူက အသုဘအတွက်လာတာဆိုရင် ဘာလို့အရမ်းနောက်ကျနေတာလဲ။ အသုဘကပြီးလို့ လူတိုင်းတောင်ပြန်သွားပြီ။ နောက်ပြီးသူက နှင်းဆီနီပန်းစည်းကို ကိုင်ထားတယ်။ ဒါက သေသွားတဲ့လူကို ဝမ်းနည်းပူဆွေးဖို့ တရုတ်ထုံးတမ်းစဉ်လာနဲ့ မအပ်စပ်ဘူးမလား"
ချန်းမို၏ ပြာများ လောင်ကျွမ်းသွားသောအခါ သူ၏မိဘများမှာ အလွန်စိတ်ထိခိုက်ကာ ထပ်မံ၍ မေ့လဲသွားခဲ့သည်။ သူတို့အား အရေးပေါ်ကုသမှုအတွက် ဆေးရုံသို့ပို့လိုက်ရသည်။
ယွီလန်သည် အမြဲတမ်း တစ်ကိုယ်တည်းသာခံစားတတ်လေ့ရှိသည်။ သူသည်လူတိုင်း၏အရှေ့တွင် သူ၏ခံစားချက်များအား ထုတ်ဖော်လေ့မရှိသောကြောင့် သူသည်အနောက်ဘက်တွင်သာ နေလေ့ရှိသည်။ ယွီယောင်သည် သူ့အား အချိန်အတော်ကြာ အတူတူလိုက်ပေးခဲ့သည်။

ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...