Part 47

2.7K 236 1
                                    

Unicode
Chapter 47: မှားယွင်းသောခန့်မှန်းချက်

သူမအား ယွီကျွယ်မှ ဖက်လိုက်သော အခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းသွားခဲ့သည်။

ယွီကျွယ်သည် သူမ၏လည်ပင်းနား ခေါင်းကို တင်လိုက်ကာ တောင်းပန်စကား ပြောနေခဲ့သည်။ “ယောင်ယောင် အားလုံးက ငါ့အမှားတွေပါပဲ။ ငါတောင်းပန်ပါတယ်...”

ယွီယောင်သည် မူလက ယွီကျွယ်အား တွန်းထုတ်ပစ်ချင်သော်လည်း သူမလည်ပင်းပေါ်မှ နွေးထွေးသည့်စိုစွတ်မှုအား ခံစားမိပြီးသည့်နောက် အပြစ်ရှိသည်ဟုခံစားနေရသောကောင်လေးအား သူမ မတွန်းထုတ်နိုင်ခဲ့ပေ။

ရိုးသားစွာပြောရလျှင် ‌ယွီယောင်သည် ယွီကျွယ်၏စိတ်ထဲ၌ ဘာတွေဖြစ်နေမှန်း နားမလည်ခဲ့ပေ။ သူသည်သတိအပြည့် ထားကာ သူမနှင့်ဝေးရာတွင် နေနေရမည်ဖြစ်သော်လည်း သူသည် ကြီးမားသည့်အပြစ်အား လုပ်ထားသကဲ့သို့ပြုမူခဲ့ပြီး အပြစ်ကြောင့်ငိုကြွေးနေခဲ့သည်။

အဆုံး၌ ယွီယောင်သည် လက်အားဆန့်ထုတ်ကာ ယွီကျွယ်၏နောက်ကျောအား ကသိ‌ကအောက်နှင့် ပုတ်ပေးနေခဲ့သည်။ “ဟုတ်ပါပြီ။ အခုထိဗန်ကားထဲမှာပဲ ရှိသေးတယ်လေ။ မန်နေဂျာမြင်ပြီး စချင်အောင်မလုပ်ပါနဲ့”

အရှေ့တွင်ထိုင်နေသော အစ်မရှုသည် သူမ၏လက်အား ဝှေ့ယမ်းပြလိုက်ကာပြောခဲ့သည်။ “ကြိုက်တာသာလုပ်ပါ။ အစ်မရယ် လက်ထောက်ရယ်နဲ့ ကားဆရာတို့ကို မရှိသလိုသာ သဘောထားပါ”

ယွီကျွယ်သည် ယခုထိယွီယောင်အား တင်းကျပ်စွာဖက်ထားကာ မလွှတ်ပေးသေးပေ။ “သူတို့ကိုစိတ်မပူနဲ့။ ငါအရူးလို လုပ်တာကို သူတို့ အရမ်းမြင်ဖူးနေကျပဲ။ နောက်ပြီး သူတို့က ငါနဲ့လျှို့ဝှက်ရေး သဘောတူညီချက် စာချုပ်ချုပ်ထားပြီးသား။ ငါ့ကိုယ်ငါ အရှက်ရအောင် လုပ်တယ်ဆိုတဲ့စကားတစ်ခွန်း ထွက်တာနဲ့ စာချုပ်ဖောက်ဖျက်မှု ဖြစ်သွားလိမ့်မယ်။ ငါ သူတို့ပေးဆပ်ရအောင် လုပ်မှာ...”

အစ်မကြီးရှုနှင့် လက်ထောက်ရှောင်းယွမ်တို့မှာ ခေါင်းတဆတ်ဆတ် ညိတ်ပြနေခဲ့သည်။ “ဟုတ်တယ်ဟုတ်တယ်။ ယောင်ယောင် စိတ်မပူနဲ့။ ငါတို့ ဘာမှမပြောပါဘူး။ ယွီကျွယ်ရဲ့ထက်မြက်ပြီး တန်ခိုးကြီးတဲ့ပုံရိပ်ကို မပျက်စီးစေပါဘူး”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now