Part 113

985 75 0
                                    

113 01

Chapter 113: အောင်မြင်သော ဖမ်းဆီးမှု

လျိုချန်သည် တတ်နိုင်သမျှမြန်မြန် လေယာဉ်ပေါ်တက်ချင်နေသည်ကို ရဲများသိနေခဲ့သည်။ သူတို့တရုတ်ပြည်မှ ထွက်ခွာသွားနိုင်လျှင် ဤအပြစ်သားနှစ်ယောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်လိမ့်မည်။ သို့သော် ရဲအရာရှိများအနေနှင့် သူတို့သည် ဤအပြစ်သားနှစ်ယောက်အား မည်ကဲ့သို့ လွှတ်ပေးနိုင်မည်နည်း။

ထို့ကြောင့် ရဲအရာရှိများမှာ စီးပွားရေးဆန်သော သဘောထားနှင့် ပြောလိုက်သည်။ "ကျွန်တော်တို့တောင်းပန်ပါတယ်။ ဒါပေမယ့် ခင်ဗျားနဲ့ဒီလူကြီးမင်းနဲ့က အတူတူဖြစ်တာကြောင့် ကျွန်တော်တို့ ခင်ဗျားကို စစ်ဆေးဖို့လိုပြီး ခင်ဗျားဆေးမသုံးထားကြောင်း ဒါမှမဟုတ် မှောင်ခိုပစ္စည်းသယ်မလာတာကို အတည်ပြုဖို့လိုတယ်။ အဲ့အချိန်မှ ကျွန်တော်တို့ခင်ဗျားတို့ကို လေယာဉ်ပေါ်တက်ခိုင်းပြီး ထွက်သွားခိုင်းမှာပါ"

လျို‌ချန်သည် ဝမ်မောင်နှင့် ထိုရဲအရာရှိများအား ဒေါသအလွန်ထွက်လုနီးပါး ဖြစ်နေခဲ့သော်လည်း သူသည်ရဲများ၏တင်းကြပ်မှုအား ပြင်းထန်စွာ မခုခံရဲခဲ့ပေ။ သို့မဟုတ်လျှင် သူသည်သူတို့အား ဖမ်းဆီးရန်လုံလောက်သည့် အကြောင်းပြချက်ပေးသကဲ့သို့ ဖြစ်သွားလိမ့်မည်။

သူသည်ရဲများပြောသည့်အတိုင်းသာလုပ်ရတော့သည်။ ဤအချိန်၌သူ၏စိတ်မှာ စိတ်လှုပ်ရှားမှုကြောင့် လောင်မြိုက်နေသော်လည်း သူသည် အလွန်စိတ်ပူမနေခဲ့ပေ။ ဝမ်မောင်ပြောထားခဲ့သည့်အတိုင်း သူတို့၌ တရုတ်နိုင်ငံသားလက်မှတ်မရှိတော့ပေ။ သူတို့၏ကြီးမားသော ပိုင်ဆိုင်မှုများအား နိုင်ငံခြားသို့ လွှဲပြောင်းပေးထားခဲ့သည်။

ထို့အပြင်သူတို့သည် နိုင်ငံခြားအစိုးရ၏ အထက်တန်းအရာရှိများအား လာဘ်ထိုးထားပြီးဖြစ်သည်။ သူတို့သည် အကျိုးအမြတ်အတွက် အမှန်တရားကို လှည့်ဖြားနိုင်သော လူတစ်စုသာဖြစ်သည်။ ထိုငွေအမြောက်အမြားကိုထောက်၍ သူတို့သည် လူသတ်သမားနှစ်ဦးအား ကာကွယ်ရန် အာဏာသုံးသည့်နည်းလမ်းများအား သုံးနိုင်သည်။ ထို့ကြောင့် လျိုချန်သည် သူသေချာပေါက် အဆင်ပြေမည်ဟု ခံစားနေမိခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now