Unicode
Chapter 45: စစ်မှန်သောနည်းပညာသူ၏အရှေ့၌ ဓားသွားများဖြင့် ပြည့်နေသော တောင်တန်းနှင့်မီးပင်လယ်ကြီး ရှိနေလျှင်ပင် သူ၏အဖိုးတန်သောညီမအတွက် ယွီကျွယ်သည် ထိုးဖောက်ဝင်ရောက်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
သူသည်မဆင်မခြင်ခေါင်းညိတ်ပြလိုက်သည်။ “ယောင်ယောင်၊ ငါဘာလုပ်ဖို့လိုလဲ”
သူသည် သူမအတွက် မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်ရန်အဆင်သင့် ဖြစ်နေပုံပေါ်သော သူ့အား မြင်ရသည်မှာ အနည်းငယ် ရယ်စရာကောင်းသော်လည်း ယွီယောင်၏နှလုံးသားမှာ လှုပ်ခါနေဆဲပင်ဖြစ်သည်။
“ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်မကို ဓာတ်ပုံရိုက်ခွင့်ပဲပြုပါ”
ဤအချိန်မျိုး၌ သူမသည် အဘယ်ကြောင့် သူ၏ဓာတ်ပုံအား ရိုက်ချင်သည်ကို သူနားမလည်သော်လည်း ယွီကျွယ်သည် သူ၏ညီမဆန္ဒအား ဖြည့်ဆည်းပေးချင်နေခဲ့သည်။ သူသည် ဖုန်းအား တောက်ပစွာ ပြုံးပြလိုက်ကာ ပြီးပြည့်စုံသော သွားရှစ်ချောင်းကို ပြသခဲ့သည်။
လွတ်လွတ်လပ်လပ် ရယ်မောနေသော ယွီကျွယ်၏ဓာတ်ပုံအား ကြည့်ကာ ယွီယောင်သည် “အရမ်းရူးတာပဲ” ဟုတိုးတိုးလေး ပြောမိသည်။
ယွီကျွယ်သည် ယွီယောင်နှင့်အနီးဆုံးနေရာတွင် ရှိသည်။ သူ၏တီးတိုးပြောဆိုနေမှုများအား သူကြားသည့်အခါ သူသည် လုံးဝစိတ်မဆိုးခဲ့ပေ။
သူသည် စိတ်ကျေနပ်စွာဖြင့်ပင် ပြန်ဖြေခဲ့သည်။ “ငါက ပုံမှန်အားဖြင့် အရမ်းတော်ပြီး သတ္တိရှိတယ်လေ။ ငါနင့်ရဲ့အရှေ့မှာပဲ အရူးလိုနေတာ”
သို့သော် ယွီယောင်သည် သူ့အား တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ သူမသည် ခေါင်းငုံ့ကာ ဖုန်းပေါ်တွင်သာ အမြန်ဆောင်ရွက်နေခဲ့သည်။
သတင်းထောက်များနှင့် အင်တာနက်သုံးစွဲသူများမှာ ခန့်မှန်း၍ မရသောမောင်နှမများကြောင့် စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။ သူတို့မေးခွန်းများ ဆက်မေးတော့မည့်အချိန်တွင် သူတို့သည် သူမ၏ဖုန်းအား ထိနေခဲ့သော ယွီယောင်သည် ခေါင်းမော့လာသည်ကိုတွေ့ခဲ့ကြသည်။

ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...