Part 136

809 59 0
                                    

136 01

Chapter 136: မပြတ်မသား

ယွီဟုန်သည် သူ၏သားနှစ်ယောက်နှင့် သူ၏သမီးဆီသို့ ကြည့်လိုက်ကာ သူတို့၏အမူအရာများမှာ အနည်းငယ် မျက်နှာလွှဲသွားသည်ကို သတိပြုမိခဲ့သည်။ သူတို့သည် သူ့အားမျက်လုံးချင်းမဆုံရဲကာ ဤလူများမှာ သူ၏ကံဆိုးမှုအား တိတ်တဆိတ်ရယ်မောနေကြသည်ကို သူသိနေခဲ့သည်။ သူသည်ချောင်းဟန့်ကာပြောခဲ့သည်။ "ယွီလန်၊ မင်းကအခုအတောင်ပေါက်နေပြီဆိုတော့ ငါ့ကိုလှည့်စားရဲနေပြီပေါ့ ဟုတ်လား"

ယွီလန်သည် သူ့အားလှည့်စားခဲ့သည်ကို မငြင်းဆန်ခဲ့ပေ။ သူသည်ပွင့်လင်းစွာပြောခဲ့သည်။ "အဖေယွီဝမ်ရဲ့ပြစ်မှုတွေနဲ့ကိစ္စ‌တွေကို ဖြေရှင်းပေးပြီး သူ့ကိုယွီမိသားစုမှာပဲ ဆက်နေခိုင်းမယ်ဆိုရင် ကျွန်တော်အဖေနဲ့ယွီဝမ်ရဲ့ဆက်ဆံရေးကို အကဲခတ်ဖို့ နည်းလမ်းကို စဉ်းစားရလိမ့်မယ်"

ထိုအခါမှသာ ယွီယောင်သည် ယွီလန်မှာယွီဟုန်အား စုံစမ်းနေခဲ့သည်ကို သတိပြုမိခဲ့သည်။ သူမသည်ရုတ်တရက် သတိထားမိသွားကာ ပြောခဲ့သည်။ "တကယ်လို့ အဖေက ယွီဝမ်ဘက်လိုက်နေရင် သူတို့ဆက်ဆံရေးက မရိုးသားဘူးလို့ ဆိုလိုတာပဲ။ တကယ်လို့အဖေက ယွီဝမ်ဟာသူ့ရဲ့တရားမဝင်ကလေးလို့ သံသယရှိတာကို တိုက်ရိုက်ညွှန်ပြလိုက်တာက ဖေဖေ့မှာဘာအပြစ်မှမရှိဘူးလို့ ဆိုလိုတာပဲ"

ထိုအရာမှာ ယွီလန်နှင့်ယွီဟန် တွေးနေခဲ့သည့်အရာဖြစ်နေခဲ့သည်။ သူတို့သည်ယွီယောင်အား ယခုတုံ့ပြန်ရန် မမျှော်လင့်ထားခဲ့ပေ။ သူမ၏တုံ့ပြန်မှုမှာ နှေးကွေးလွန်းသည်သာမက သူမသည်အမှန်တကယ်ပင် အကျယ်ကြီးထုတ်ပြောခဲ့သည်။

ယွီဟုန်သည် ယွီယောင်အားကြည့်ကာ သက်ပြင်းချခဲ့သည်။ "မင်းတို့ကောင်စုတ်တွေ ငါ့ကို အကွက်ကျကြံ‌စည်နေခဲ့ကြတာပဲ။ ယောင်ယောင်လောက်သာ မင်းတို့တစ်ဝက်လောက်ရိုးသားခဲ့မယ်ဆိုရင် ဒီလောက်စိတ်ရှုပ်စရာကောင်းလွန်းမှာ မဟုတ်ဘူး"

ယွီယောင်သည် သူမမတုံ့ပြန်ခင် ခဏ‌တာကြောင်နေခဲ့သည်။ ယွီဟုန်သည် သူမအားနှေးကွေးသည်ဟု ပြောနေခဲ့သည်။ သူမသည်အနည်းငယ်စိတ်ရှုပ်ထွေးနေသော်လည်း ယွီဟုန်အား ကလေးဆန်ဆန်ပြန်ပြောရမည်ကိုလည်း ရှက်နေခဲ့သည်။ နောက်ဆုံး၌ ယွီယောင်၏စိတ်ထဲတွင် သူမသည်ယွီဟုန်နှင့် အလွန်မရင်းနှီးသေးပေ။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Wo Geschichten leben. Entdecke jetzt