Part 49

2.4K 236 3
                                    

Unicode
Chapter 49: ကြောင်နှင့်ကြွက်

ရှောင်းလျန်သည် သူ၏ရုံးခန်းထဲရှိ ကြမ်းပြင်မှမျက်နှာကျက်ထိ ရှည်သောပြတင်းပေါက်အား မှီကာအကြာကြီး ရပ်နေခဲ့သည်။ ဤတစ်ကြိမ်၌ သူသည် အလုပ်အကြောင်း မတွေးခဲ့ပေ။ ထိုအစား သူသည် ယွီယောင် သတင်းစာရှင်းလင်းပွဲ၌ ပြောသွားသည်ကို တွေးနေခဲ့မိသည်။

ဘုရင်ဟု အမည်ရသော Maine Coon ကြောင်လေးသည် ရှောင်းလျန်၏ခြေရင်းသို့ တိတ်တဆိတ် လျှောက်လာကာ သူနှင့်အတူ မြို့တော်၏ကောင်းကင်ယံကိုကြည့်ရန် ထိုင်ချခဲ့သည်။

သူ၏ရှည်လျားသောအမြီးအား လှုပ်ခါမိသောအခါ ရှောင်းလျန်၏ခြေကျင်းဝတ်များအားပွတ်တိုက်မိခဲ့သည်။ ရှောင်းလျန်သည် သူ၏ခြေထောက်နားတွင် ထိုင်နေသော Maine Coon ကြောင်အား ငုံ့ကြည့်လိုက်ကာ နူးညံ့စွာ ရယ်မောလိုက်သည်။

“ဘုရင်ကြီးရေ။ ကြောင်တွေက အရမ်းသတိထားနေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ငါတို့တွေ့ခဲ့တဲ့ လမ်းဘေးကြောင်လေးက အရမ်းရဲရင့်နေရတာလဲ”

“မြောင်...” သူသည် သူ့သခင်၏မေးခွန်းအား ဖြေလိုက်သကဲ့သို့ အော်နေခဲ့သည်။

ရှောင်းလျန်သည် ထိုင်ချလိုက်ကာ Maine Coon ကြောင်၏မေးစေ့အား သူ၏လက်ချောင်းများဖြင့် နူးညံ့စွာ ပွတ်သပ်ပေး နေခဲ့သည်။ Maine Coonကြောင်လေးမှာ စိတ်ကျေနပ်မှုကြောင့် တုန်ခါနေသည့်အသံ ထွက်လာခဲ့သည်။

ရှောင်းလျန်မှာ တခစ်ခစ်ရယ်နေပြန်သည်။ “ကြောင်လေးတွေက တအားစိတ်အားထက်သန်တာပဲ။ ဒါနဲ့ပတ်သက်ပြီး ငါတို့ဘာမှ လုပ်လို့မရဘူး။ ကံကောင်းတာက သူ့မှာ ဂရုစိုက်တတ်တဲ့သခင်တစ်ယောက် ရှိနေတယ်။ ပြဿနာရှာတတ်တဲ့ လမ်းဘေးကြောင်လေးကို ဒီတိုင်း ချန်ထားခဲ့လို့တော့မဖြစ်ဘူး ဟုတ်တယ်မလား ဘုရင်ကြီးရေ”

အကြောင်းပြချက်တချို့ကြောင့် ဘုရင်ကြီးမှာ မကျေနပ်တော့ပေ။ သူသည် ရှောင်းလျန်၏လက်ချောင်းအား တွန်းဖယ်လိုက်ကာ သူ၏ကိုယ်ပိုင်လက်အား လျက်နေခဲ့သည်။

ရှောင်းလျန်သည် သူ၏ကိုယ်ပိုင်ကြောင်မှ အထင်အမြင်သေးခံရသည်ကို စိတ်ထဲမထားပေ။ သူသည် နေသာသောပြတင်းပေါက်အား လှည့်ကြည့်ပြီး သူ၏အသံမှာ တဖြည်းဖြည်း အေးစက်လာသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Nơi câu chuyện tồn tại. Hãy khám phá bây giờ