Unicode
Chapter 35: မုန်တိုင်းအားငြိမ်သက်စေခြင်းယွီယောင် မသိခဲ့သည်မှာ ကိစ္စများသည် ယွီလန်ပြောခဲ့သကဲ့သို့ ရိုးရှင်းနေသည် မဟုတ်ပေ။
ယွီကျွယ်အား ပြဿနာများ ရှင်းပစ်ရန်အတွက် ကူညီရန် ယွီညီအစ်ကိုသုံးယောက်နှင့် ယွီကျွယ်၏စီမံရေးအဖွဲ့မှာ တစ်ညလုံး မအိပ်ခဲ့ကြပေ။ ခေတ်စားနေသော အကြောင်းအရာများအား ဖယ်ရှားပစ်ရန် ပလက်ဖောင်းအား ဆက်သွယ်ပြီး ဆွေးနွေးမှုအား မည်သို့လမ်းညွှန်သင့်သည်နှင့်ပတ်သက်၍ PR ကုမ္ပဏီနှင့် ဆက်သွယ်ခြင်းအပြင် တရားနည်းလမ်းနှင့်အရေးယူမှုအတွက် ပြင်ဆင်နိုင်ရန် သက်သေများ အဆက်မပြတ် စုဆောင်းနေသော အထူးတရားစီရင်ရေးအဖွဲ့လည်း ရှိသည်။
ဆိုရှယ်မီဒီယာ အသုံးပြုမှုအထွတ်အထိပ်ရောက်နေသော ညဘက်တွင် ယွီကျွယ်၏စတူဒီယိုသည် ဖြစ်ရပ်မှန်များအား လုပ်ကြံဖန်တီးကာ ယွီကျွယ်နှင့်ယွီယောင်တို့၏ ဂုဏ်သိက္ခာများကို ထိခိုက်စေသည့် မသမာသည့် မုန်းတီးသော ပရိသတ်များအား သတိပေးချက် ထုတ်ပြန်လိုက်သည်။ သူတို့အား မနာလိုကာ ပုတ်ခတ်ပြောဆိုသူများကို တရားဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။
ဤသတိပေးချက်သည် အခြေအနေအား တည်ငြိမ်အောင် မလုပ်နိုင်သည်သာမက အင်တာနက်သုံးစွဲသူများ၏ ဒေါသအား လှုံ့ဆော်ပေးခဲ့သည်။ ဝင်ရောက်စွက်ဖက်ခြင်း လုံးဝမရှိပဲ သူတို့၏ကီးဘုတ်ဖြင့် ရိုက်သောစကားများမှာ ချက်ချင်း ရေပန်းစား လာခဲ့သည်။
မားကတ်တင်းအကောင့်များစွာသည် သူတို့၏အရင်ပို့စ်များအား မဖျက်လိုက်ခင် နောက်တစ်နေ့အထိပင် ဖြစ်သည်။ အင်တာနက်သုံးစွဲသူများ၏ စော်ကားမှုများကိုလည်း ပိတ်ပင်ထားခဲ့သည်။ ထိုမှသာ သူတို့သည် ယွီကျွယ်စတူဒီယိုမှာ တရားဥပဒေအရအရေးယူရန်နှင့် ပတ်သက်၍ အလေးအနက်ထားကြောင်း နားလည်ခဲ့ကြသည်။
အင်တာနက်သုံးစွဲသူများ အနည်းငယ် ငြိမ်ကျသွားသည့်နောက်တွင် ယွီကျွယ်၏စတူဒီယိုနှင့် ယွီပူးပေါင်းဆောင်ရွက်ရေး၏အကောင့်များမှာ အမှန်တရားအား ရိုးရှင်းစွာဖော်ပြသော အခြား ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
VOCÊ ESTÁ LENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...