Part 86

1.4K 115 1
                                    

86 01

Chapter 86: ငါ့ညီမက ဉာဏ်ကြီးရှင်ပဲ

ရသစုံရှိုး၏ ရိုက်ကူးရေးမှာ သုံးရက်ကြာမြင့်ခဲ့သည်။ ဒုတိယမြောက်နေ့၌ ယွီဝမ်သည် သူမ၏တာဝန်ပြီးမြောက်ကာ အနားယူနေသောအခါ သူမသည် ယွီယောင်အား မသိမသာ ပရိုဂရမ်ရေးဆွဲခြင်းအကြောင်းကို မေးခဲ့သည်။

သူမသည် အခွင့်အ‌ရေးအား ဆုပ်ကိုင်ရာ၌ တော်သည်။ ယွီကျွယ်နှင့်ယွီယောင်တို့မှာ တစ်ရက်နီးပါး လယ်ကွင်းထဲ၌ အလုပ်လုပ်ခဲ့ရသောကြောင့် သူတို့နှစ်ယောက်လုံးမှာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေကာ လုံလောက်စွာ သတိမမူနိုင်ကြပေ။

ထို့ပြင် ယွီဝမ်သည် လွန်ခဲ့သောနှစ်ရက်အတွင်း ပြဿနာမရှာဘဲ သူမကိုယ်သူမ ကောင်းမွန်စွာပြုမူနေခဲ့သည်။ ယခု လူတိုင်းနှင့်ကင်မရာများရှေ့၌ သူမသည် ယွီယောင်အား မေးခွန်းတစ်ခုမေးခဲ့သည်။ ယွီဝမ်‌မကောင်းကြောင်း ယွီယောင် သံသယဝင်ခဲ့မိလျှင်ပင် သူမသည် ကင်မရာများရှေ့၌ ဆိုးရွာသည့်သဘောထားအား ပြသလိမ့်မည် မဟုတ်ပေ။

ယွီယောင်သည် ဤမေးခွန်းအား မဖြေချင်လျှင်ပင် သူမအား တွန်းထုတ်နိုင်လိမ့်မည်မဟုတ်ဟု ယွီဝမ်မျှော်လင့်ခဲ့သည်။ သို့သော် ယွီဝမ်မျှော်လင့်မထားသည်မှာ ယွီယောင်သည် သူမအား မတွန်းထုတ်သော်လည်း သူမ၏မေးခွန်းအား တိုက်ရိုက်မဖြေခဲ့ပေ။

ယွီယောင်သည် ယွီဝမ်အား အံ့ဩတကြီးကြည့်လိုက်သည်။ "နင် ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲတာကို သင်ချင်တာလား။ တကယ်ကြီးလား"

ယွိီဝမ်သည် သူမအား အ‌ခြားသူများ အထူးသဖြင့် ယွီယောင်မှ သံသယဝင်သည်ကို မကြိုက်ပေ။

သူမ၏စိတ်ထဲ၌ ချက်ချင်းအနည်းငယ် စိတ်တိုသွား‌သော်လည်း လူတိုင်း၏ရှေ့တွင် သူမ၏တည်ငြိမ်သော အပြုအမူကိုသာ ထိန်းထားခဲ့သည်။ သူမသည်စူပုတ်ကာ ချစ်ဖို့ကောင်းသောအသံနှင့် စောဒကတက်ခဲ့သည်။ "မမယွီယောင် ညီမလေးက အရမ်းလေးလေးနက်နက်နဲ့ ‌မေးနေတာပါ။ ညီမရဲ့ သင်ယူမှု သဘောထားကို မယုံဘူးလား"

"ငါနင့်ရဲ့သင်ယူမှု သဘောထားကို မယုံတာမဟုတ်ပါဘူး" ယွီယောင်သည် သူမ၏ခေါင်းကို‌ခါကာ မည်သည်ကိုမျှ ဖုံးကွယ်မထားဘဲ ပြောခဲ့သည်။ "ငါနင့်ရဲ့သင်ယူနိုင်စွမ်းကို မယုံတာ။ ကွန်ပြူတာ ပရိုဂရမ်ရေးဆွဲနည်းက ရုံးဆော့ဖ်ဝဲလိုမျိုး သင်နိုင်တဲ့အရာလို့ နင်ထင်နေတာလား။ ဒါက အရည်အချင်းရှိဖို့လိုအပ်တယ် သိလား"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now