Unicode
Chapter 27: စိတ်အနှောင့်အယှက်ပေးသော အစ်ကိုငယ်သူမသည် ကျောင်းဝင်းထဲတွင် မနေသော်လည်း ယွီယောင်သည် သူ၏မေဂျာမှ အတန်းဖော်အချို့နှင့် သိနှင့်နေပြီဖြစ်သည်။ ငယ်ရွယ်၍ ချောမောသော ယွီဟန်မှာ စိတ်ထားကောင်း၍ တက္ကသိုလ်၌ ဧည့်ပါမောက္ခ ဖြစ်ခဲ့သောကြောင့် ယွီယောင်အား မိန်းကလေးတက္ကသိုလ်ကျောင်းသူများမှ ကြိုဆိုခဲ့ကြသည်။
ဤမိန်းကလေးတက္ကသိုလ်ကျောင်းသူအများစုသည် ယွီယောင်၏ယောင်းမ ဖြစ်ချင်နေကြသော်လည်း သူမသည် သူတို့၏ရည်ရွယ်ချက်အစစ်အား ဂရုမစိုက်ပဲ မေတ္တာစာများ သို့မဟုတ် လက်ဆောင်များ ပို့၍ကူညီရန် ဘယ်သောအခါမှ မငြင်းဆန်ခဲ့ပေ။
ဤသည်မှာ ယွီယောင်၏မကောင်းသောရည်ရွယ်ချက် အနည်းငယ်ဖြစ်သည်။ သူမသည် သူမ၏အစ်ကိုဖြစ်သူအား အလွန်ဆိုးသော အထင်ကြီးလေးစားသူများအား ဖယ်ရှားရာတွင် ကူညီပေးမည့် စာနာတတ်သောညီမငယ် ဖြစ်ချင်စိတ်မရှိပေ။ ဤကဲ့သို့ကိစ္စသည် သူ့အတွက် ပြဿနာအလွယ်တကူ ဖြစ်စေနိုင်သောကြောင့် ဘာကြောင့်မလုပ်တာလဲဟု သူမတွေးခဲ့သည်။
ယွီယောင်သည် သူ့အား တမင်ညှင်းပန်းနှိပ်စက်နေသည်ကို ယွီဟန် သိသော်လည်း သူ လုံးဝစိတ်မဆိုးခဲ့ပေ။ သူ့အား လျှို့ဝှက်ကြံစည်နေသော ယွီယောင်သည် တကယ်ပင် အလွန်ချစ်စရာကောင်းသည်ဟုသာ သူထင်ခဲ့သည်။
သူမ သူ့အား တမင်တကာပေးသော မေတ္တာစာ သို့မဟုတ် လက်ဆောင်အား လက်ခံရရှိသောအခါတိုင်း အလွန်ချစ်ဖို့ကောင်းသောကြောင့် WeChat moments ပေါ်တွင် မတင်ပဲမနေနိုင်ဖြစ်ရသည်။ ဤကဲ့သို့ပို့စ်မျိုးအား ယွီလန်နှင့်ယွီကျွယ်သာလျှင် မြင်ရနိုင်သည်။
ယွီကျွယ်သည် WeChat ပေါ်ပို့စ်တင်သော ယွီဟန်အား မြင်သောအခါတိုင်း သူသည် သူ၏ဖုန်းအား ပေါက်ခွဲပစ်ချင်လောက်အောင် အလွန်ဒေါသထွက်နေခဲ့သည်။ သူသည်လည်း ယောင်ယောင်၏အနားတွင် ရှိချင်သည်။ သူသည်လည်း ယောင်ယောင်အား နေ့တိုင်း တက္ကသိုလ်အသွားအပြန် ပို့ပေးချင်သည်။ သူသည်လည်း ထိုကဲ့သို့နူးညံ့၍ အန္တရာယ်ကင်းသောအကြည့်ဖြင့် ယောင်ယောင်ဆီမှ စိုက်ကြည့်ခံချင်သည်။

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...