Unicode
Chapter 29: ကမောက်ကမ
သူမသည် ဘဝတွင်မျှော်လင့်ချက် ပျောက်ဆုံးသွားသောကြောင့် ယွီယောင်သည် မသိစိတ်က သူမ၏လက်သီးဆုပ်ထားခြင်းအား ဖြေလျော့လိုက်ကာ ယိုးယွင်မှာ အလျင်အမြန် ခြေနှစ်လှမ်းဆုတ်၍ သူမဆီမှ ထွက်ခွာလာခဲ့သည်။
သူမသည် ယနေ့ ယွီယောင်၏ဂုဏ်သိက္ခာအား ဖျက်ဆီးပစ်ချင်နေခဲ့သည်။ ထို့ပြင် ကောင်းချန်သည် သူမတွင်ရှိသော သက်သေများအား ဖော်ပြကာ သူတို့၏အကြံအစည်အား ဆောင်ရွက်နိုင်သရွေ့ ယွီယောင်သည် မည်ကဲ့သို့လုပ်လုပ် သူမ၏နာမည်ဆိုးအား ဖယ်ရှားနိုင်မည်မဟုတ်ဟု ယိုးယွင် သေချာနေခဲ့သည်။
သို့သော် ရုတ်တရက်တက္ကသိုလ်၌ ယွီကျွယ်ပေါ်လာလိမ့်မည်ဟု ယိုးယွင်မမျှော်လင့်ထားမိခဲ့ပေ။ ယိုးယွင်သည် ယွီကျွယ်အား သေချာပေါက်သိသည်။ သူမသည် ယွီဝမ်၏အစ်ကိုသုံးယောက်အား တိတ်တဆိတ်မနာလို ဖြစ်နေမိသေးသည်။
သူမ ဆက်လုပ်သင့်သလား ယိုးယွင်မသိတော့ပေ။ သူမသည် ယွီယောင်အား ဘာလုပ်ခဲ့သည်ကို ယွီကျွယ်အား မသိစေချင်ခဲ့ပေ။ သူမ မည်မျှဆိုးကြောင်း ယွီညီအစ်ကိုသုံးယောက်အား မသိစေချင်ချေ။
ယိုးယွင်သည် နောက်ဆုတ်သွားချင်သော်လည်း ကောင်းချန်မှာ ယွီယောင်အစ်ကို ထွက်ပေါ်လာမှုသည် သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်ဟု ထင်ခဲ့မိသည်။
ကောင်းချန်၏မျက်လုံးများ တောက်ပလာခဲ့သည်။ သူသည် ယွီကျွယ်ဆီသို့ လျှောက်သွားကာ စိတ်ရင်းနှင့် ပြောလိုက်သည်။ “ခင်ဗျားက ယွီယောင်ရဲ့အစ်ကိုလား။ ကျွန်တော်တို့ဆက်ဆံရေးမှာ ပြဿနာအချို့ ရှိနေတယ်။ ခင်ဗျား ဒီအတွက်မျက်မြင်သက်သေ ဖြစ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
သာမန်လူတစ်ယောက်မှာ မည်ကဲ့သို့ဆက်ဆံရေး ပြဿနာရှိသည်ကို မေးသင့်သည်မှာ ယုတ္တိရှိသော်လည်း ယွီယောင်၏အစ်ကိုမှာလည်း သာမန်လူတစ်ယောက် မဟုတ်သည်ကို ကောင်းချန်မထင်ထားခဲ့ပေ။
ယွီကျွယ်သည် ကောင်းချန်အား လူအုပ်ထဲသို့ ပျံတက်သွားနိုင်အောင် ဗိုက်ကို ကန်ပစ်လိုက်သည်။
![](https://img.wattpad.com/cover/332350610-288-k556557.jpg)
ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...