Part 57

2.1K 197 0
                                    

57 01

Chapter 57: လက်လွှတ်ခြင်းနှင့်နှုတ်ဆက်ခြင်း

ယွီယောင်သည် သူမ၏နှလုံးသားထဲ၌ နက်ရှိုင်းစွာခံစားမိကာ ယခင်ကကဲ့သို့ ယွီညီအစ်ကိုများအား မကြိုက်ဘဲ ဆန့်ကျင်ခြင်းများ မပြုတော့ပေ။

သူမသည် ယွီညီအစ်ကိုများနှင့်ဆက်ဆံလျှင် သူတို့သည် မူလယွီယောင်အား ဖြစ်စေခဲ့သော အန္တရာယ်ကို သူမ ရံဖန်ရံခါ‌ မေ့သွားတတ်သည်။ သူမ၏အစ်ကိုကြီးများက သူမအား ချစ်ခင်ခြင်း၏ပျော်ရွှင်မှုထဲ၌ သူမကိုယ်တိုင်ပင် မသိလိုက်ပဲ နစ်မြုပ်ချင်နေခဲ့သည်...

ယွီယောင်သည် တိတ်ဆိတ်စွာ သူမ၏ရင်ဘတ်အား ဆုပ်ကိုင်မိကာ အပြစ်တင်စိတ်ရှိသလို ခံစားနေခဲ့မိသည်။ သူမသည် တောင်းပန်စကားအား တီးတိုးပြောနေခဲ့သည်။ "ယွီယောင် တောင်းပန်ပါတယ်။ သူတို့ရဲ့သကြားလို ချိုမြိန်တဲ့ကျည်ဆံတွေကြောင့် ပျက်စီးသွားပြီ"

ထိုည၌ ယွီယောင်သည် အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲ၌ သူမဆီမှ ခြေတစ်လှမ်းအကွာ၌ ရပ်နေသော မိန်းကလေးမှာ သူမ၏မျက်လုံးထဲမှ ရိုးရှင်းကာအပြစ်ကင်းစင်သည်မှလွဲ၍ သူမနှင့်တစ်ပုံစံတည်းဖြစ်သည်။

ထို "ယွီယောင်" မှာ သူမအား ပွေ့ဖက်ရန် လာသောအခါ အလွန်ပျော်ရွှင်နေပုံရသည်။

သူမ၏နားထဲသို့ တီးတိုးပြောခဲ့သည်။ "ငါ့အတွက် လုပ်ပေးသမျှအားလုံးအတွက် ကျေးဇူးတင်တယ်နော်။ နင့်ကြောင့် ငါနောက်ထပ် အထီးမကျန်တော့ဘူး။ အခုတော့ ငါ့ကြောင့် နင်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးကို ကျေးဇူးပြု၍ လွှတ်ချလိုက်ပြီး ဘဝသစ်ကိုရဲရဲဝံ့ဝံ့ လက်ခံလိုက်ပါ။ ဒီဘဝကို ပျော်အောင်နေပါ။ ဒါက နင်ပိုင်သွားပြီပဲလေ..."

နိုးထလာပြီးနောက် ယွီယောင်သည် ငိုမိခဲ့သည်။ ဤသည်မှာ မူလယွီယောင်၏ နှုတ်ဆက်စကားဖြစ်သည်ကို သူမသိခဲ့သည်။ သူမ၏အစ်ကိုများ၏ ကိုယ်ပိုင်အသိအမှတ်ပြုမှု ရရှိပြီးနောက် မူလယွီယောင်မှာ ဤကမ္ဘာတွင် တွယ်တာစရာ မရှိတော့ပေ။

သူမသည် ယခုထိပင် အလွန်သဘောကောင်းနေသည်။ သူမသည် ယွီယောင်အသစ်အား သူမခံစားရသကဲ့သို့ မခံစားစေချင်သောကြောင့် သူမ၏နှလုံးသားထဲမှ အထုံးအား ဖြေလျော့လိုက်ရန် ရွေးချယ်ခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora