Part 129

609 48 0
                                    

Chapter 129: အစ်ကိုကြီးများ၏ ဖျောင်းဖျမှု

ရှောင်းလျန်ဘာတွေးနေသည်ကို ယွီယောင်သာသိခဲ့လျှင် သူသည်အတွေးလွန်နေသည်ဟူ၍သာ သူမပြောလိမ့်မည်။

ယခင် သူတို့နှစ်ယောက်တွင် အတွဲညီမှု အနည်းငယ်သာရှိခဲ့သည်။ သူတို့၏ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်း အလုပ်များကြောင့် သူတို့သည် ရံဖန်ရံခါသာတွေ့ခဲ့သည်။ အဘယ်ကြောင့် သူသည်အနာဂတ်တွင် သူ၏ယောက္ခမလောင်းများအား တွေ့ခြင်းနှင့်ပတ်သက်၍ တွေးနေရပါသနည်း။

မောင်နှမသုံးယောက်မှာ လေဆိပ်၌ရှိနေခဲ့ကြပြီး သူတို့၏စိတ်လှုပ်ရှားမှုမှာ သတင်းအတွက် စိုးရိမ်တကြီးစောင့်နေကြသေးသော ခရီးသည်များ၏ မိသားစုဝင်များနှင့်ယှဉ်လျှင် အလွန်သိသာလှသည်။

သူတို့သုံးယောက်လုံးမှာ ထူးခြားသည့်သဘောထားရှိကာ သာမန်လူများကဲ့သို့ မတူသော်လည်း တစ်စုံတစ်ယောက်မှာ ရှေ့သို့သွားရန် သတ္တိရှိရှိနှင့် မေးလိုက်သည်။ "ဟယ်လို မင်းတို့ရဲ့မိသားစုဝင်တွေလည်း ပျက်ကျသွားတဲ့ လေယာဉ်ပေါ်ပါသွားတယ်လို့ ကြားလိုက်တယ်။ သူတို့တွေ လုံခြုံတယ်မလား။ ဒါက လေယာဉ်ပေါ်မှာအသက်ရှင်ကျန်တဲ့ခရီးသည်တွေများတယ်လို့ ဆိုလိုတာလား"

သက်လတ်ပိုင်းအမျိုးသမီးမှာ အနည်းငယ်တုန်လှုပ်နေကာ သူမ၏အသံမှာ မထင်မှတ်ဘဲ ကျယ်သွားကာ အခြားသူများ၏အကြည့်များအား ဆွဲဆောင်ခဲ့သည်။

မောင်နှမသုံးယောက်၏မျက်နှာများအား လူတိုင်း၏မျှော်လင့်နေသောအကြည့်များအောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ယွီလန်သည် ပြန်မပြောခင် ခဏကြာတိတ်ဆိတ်နေခဲ့သည်။ "တောင်းပန်ပါတယ်။ ကျွန်တော်လေယာဉ်ပျက်ကျတာရဲ့ အခြေအနေကို အတိအကျမသိပါဘူး။ ကျွန်တော့်မိဘတွေက လေဆိပ်မှာ သူတို့သိတဲ့လူနဲ့တွေ့ပြီး ကိုယ်ပိုင်လေယာဉ်စီးခဲ့တာပါ..."

သူ၏လက်မောင်းအား ကိုင်ထားသော အမျိုးသမီးမှာ လဲကျသွားခဲ့သည်။ သူသည်မြေပြင်ပေါ်သို့ အားပျော့စွာလဲသွားပြီး ငိုချင်နေသောအသံနှင့် ပြောလိုက်သည်။ "မင်းတို့မိဘတွေက သူတို့သိတဲ့သူနဲ့ ကိုယ်ပိုင်လေယာဉ်စီးခဲ့တယ်ဆိုပေမယ့် ငါ့သမီးကရော။ သူကအခုမှ ၂၂နှစ်ပဲရှိသေးတာလေ..."

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။حيث تعيش القصص. اكتشف الآن