Chapter 146: အမေနှင့်သမီး
ချန်းလင်၏အပြုအမူများအား သူမ၏စိတ်ထဲတွင် နက်ရှိုင်းစွာနစ်မြုပ်နေခဲ့သော အမှတ်တရများအား ထိတွေ့သွားခဲ့သည်။ ယွီယောင်သည် ပန်းနုရောင်ဘောင်းဘီနှင့် မိန်းကလေးအားမြင်ခဲ့သည်။
သူမ၏ပါးများမှာ ခေါင်းအုံးထဲတွင် နစ်မြုပ်နေကာ သူမအား အမျိုးသမီးတစ်ယောက်မှဖက်ထားခဲ့သည်။ အမျိုးသမီး၏ပွေ့ဖက်မှုမှာ ချိုမြိန်သောရနံ့တစ်ခုရှိနေခဲ့ပြီး ဤရနံ့မှာ မိန်းကလေးငယ်အား စိတ်သက်သာရာရစေပုံပေါ်သည်...
အမျိုးသမီးမှာ နူးညံ့သည့်သံစဉ်အား ဆိုနေကာ မိန်းကလေးငယ်၏နောက်ကျောအား နူးညံ့စွာပုတ်ပေးနေခဲ့သည်။ အိပ်မက်နှင့်တူသော မြင်ကွင်းထဲတွင် မိန်းကလေးငယ်မှာ သူမ၏မျက်လုံးများအား တဖြည်းဖြည်းပိတ်လိုက်ကာ အိပ်ပျော်သွားခဲ့သည်။
ဤအရာများမှာ သူမ၏မှတ်ဉာဏ်များမဟုတ်သည်ကို ယွီယောင်သိနေခဲ့သည်။ ဤသည်များမှာ မှတ်ဉာဏ်အစစ်များဖြစ်သလား သို့မဟုတ် ဆယ်စုနှစ်ကျော်ကြာ ပြန်ပေးဆွဲခံရသော မိန်းကလေးမှာ သူမ၏မိခင်အား လွမ်းနေသောကြောင့်လားဟူ၍ပင် သူမမသိသောကြောင့် သူမ၏စိတ်ထဲ၌ လှပသောအိပ်မက်အား ဖန်တီးနေခဲ့သည်။
သူမ၏မှတ်ဉာဏ်အစစ်များ သို့မဟုတ် စိတ်ကူးယဉ်အိပ်မက်များပင် ဖြစ်စေကာမူ ဤသည်တို့မှာသူမနှင့် မသက်ဆိုင်ခဲ့ပေ။ သို့သော်ယွီယောင်သည် ဤမှတ်ဉာဏ်များကြောင့် သက်ရောက်မှုရှိခဲ့သည်ကို ဝန်ခံရမည်။ သူမသည် မည်သည့်နောင်တ သို့မဟုတ် စိတ်ကသိကအောက်ဖြစ်မှုပင်မရှိဘဲ ချန်းလင်အား လုံးဝလက်ခံခဲ့သည်။
အမေနှင့်သမီးအတွဲမှာ ကျန်ရှိနေသော မိသားစုဝင်များအား သူတို့၏စိတ်များအနောက်ဘက်သို့ လုံးဝမေ့ထားခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ ဆယ်နှစ်ကျော်ကြာ အချင်းချင်းမမြင်ခဲ့ရဘဲ တူညီသောဝါသနာများမရှိသော်လည်း သူတို့သည်ပျင်းစရာကောင်းသော ခေါင်းစဉ်များအား အဆက်မပြတ်ပြောနိုင်ခဲ့သည်။
ယွီမိသားစု၏ ဖခင်နှင့်သားဖြစ်သူတို့မှာ ထမင်းစားပွဲတွင် ထိုင်ကာ အမေနှင့်သမီးလက်ချင်းချိတ်ကာ အောက်ထပ်သို့လျှောက်လာသည်ကို ကြည့်နေခဲ့ကြသည်။
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...