Part 111

1K 72 0
                                    

111 01

Chapter 111: ပြဿနာ

ရဲတပ်ဖွဲ့မှ တာဝန်မယူစေနိုင်ရန်အတွက် ပရိသတ်များကိုလည်း ဖျက်သိမ်းခဲ့ကြသည်။ ဖန်းယွမ်သည် သံသယရှိသူအား လွှတ်ပေးလိုက်သည့်အတွက် ရဲတပ်ဖွဲ့အား အပြစ်မတင်တော့ပေ။ သူမ၏စိတ်ထဲမှဒေါသအား ဖြေဖျောက်ရန် နေရာမရှိခဲ့ပေ။ သို့သော် ဤအခိုက်အတန့်တွင် ဖန်းယွမ်သည် လေဆိပ်၌ အထူးပုဂ္ဂိုလ်ဂိတ်တွင် ပေါ်‌လာသော လျိုခန်နှင့်ဝမ်မောင်တို့ကို တွေ့ခဲ့သည်။

သူမသည် ဝမ်မောင်၏ မျက်နှာဆိုးအား မှတ်မိနေခဲ့သည်။ သူ၏ပါးများမှာ ချိုင့်နေပြီး သူ၏အသားအရည်မှာ ဖျော့တော့နေခဲ့သည်။ သူသည်မူးယစ်ဆေးကြောင့် သေတော့မည့်ပုံပေါ်နေသည်။

ဖန်းယွမ်သည် သူမ၏ဒေါသနှင့် ရွံရှာမှုအား ချုပ်တည်းကာ သူတို့နှစ်ယောက်အား သစ်သီးနှင့်မုန့်များကို ဧည့်ခံခဲ့သည်။ သူတို့သည် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းငယ်အား ဂရုမစိုက်ကြပေ။ သူတို့၏လက်များအားခါ၍ ဖန်းယွမ်အား သွားခွင့်ပြုလိုက်သည်။

ဖန်းယွမ်သည်နားနေခန်းသို့ပြန်လာပြီးနောက် သူမ၏စိတ်ထဲ၌ ဇဝေဇဝါဖြစ်နေခဲ့သည်။ တစ်ဖက်တွင် သူမသည် ကုမ္ပဏီ၏ စည်းမျဥ်းစည်းကမ်းများအား တွေးနေမိခဲ့သည်။ သူမသည် ဧည့်သည်များနှင့် ပတ်သက်သော သတင်းအား ဖြန့်ခဲ့လျှင် သူမ၏လက်ရှိအလုပ်အား ဆုံးရှုံးနိုင်သည်။ တစ်ဖက်တွင်မူ သူမသည် တရားမျှတမှုအတွက် တွေးတောနေခဲ့သည်။ သူမသည် ယနေ့ ဤလူယုတ်‌မာနှစ်ယောက်အား လျစ်လျူရှုခဲ့လျှင် သူမ၏ကျန်ရှိသည့် ဘဝတစ်လျှောက်လုံး စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး‌ ဖြစ်သွားနိုင်သည်။

အချိန်အကြာကြီး တွေးတော‌ပြီးနောက် ဖန်းယွမ်သည် ရဲ၏ ဆိုရှယ်မီဒီယာအကောင့်အား စာတစ်စောင် ပို့ခဲ့သည်။ သူတို့၏ ဆိုရှယ်မီဒီယာအကောင့်ပေါ်၌ စာများစွာ ဝင်ရောက်နေကာ ရဲတပ်ဖွဲ့မှာ သူမ၏စာများကို မမြင်နိုင်မည်ကိုလည်း စိုးရိမ်နေခဲ့သည်။ သူမသည် အံကိုကြိတ်ကာ ရဲတပ်ဖွဲ့အား ဖုန်းခေါ်ဆိုရန် ဆုံးဖြတ်ခဲ့သည်။

ဖန်းယွမ် မသိခဲ့သည်မှာ သူမရဲအား ဖုန်းမခေါ်ဆိုခင် ရဲများသည် လျိုခန်နှင့်ဝမ်မောင်တို့၏ တည်နေရာများအားလုံးကို ရရှိပြီးသား ဖြစ်သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tahanan ng mga kuwento. Tumuklas ngayon