Unicode
Chapter 40: တိုက်ခတ်လာသောမုန်တိုင်း
ရဲများမပြောခဲ့သည်မှာ ယွီယောင်သည် အရောင်းရဆုံးဓာတ်ပုံများနှင့် ဗီဒီယိုများထဲ၌မပါဝင်ခြင်းပင်ဖြစ်သည်။
ဤကဲ့သို့ဓာတ်ပုံများနှင့် ဗီဒီယိုများအားစိတ်ဝင်စားသည့်လူများရှိသောအခါ သတိမေ့နေခဲ့သော ယွီယောင်သည် သူတို့၏စိတ် ဆန္ဒများအား မနှိုးဆော်နိုင်ခဲ့ပါ။
ဤသည်မှာ ယွီယောင်အတွက် ဂုဏ်ပြုထိုက်သောအရာတစ်ခု ဖြစ်သော်လည်း အချို့နစ်နာသူများအတွက်မူ ၎င်းသည် ပို၍ ထိခိုက်နစ်နာမှုများဖြစ်စေသည်။
ယွီလန်သည်လည်း ထိုဗီဒီယိုများ၏ ‘ဇာတ်ဆောင်များ’ဘာကို တွေ့ကြုံခဲ့ရသည်ကို နားလည်ခဲ့သည်။ သူသည် နစ်နာသူများအား သနားသော်လည်း ဤအခိုက်အတန့်တွင်မူ သူသည်သူ၏ညီမငယ်အား ပို၍ဂရုစိုက်မိသည်။
“ယွီယောင်ရဲ့ ပုံတွေနဲ့ ဗီဒီယိုတွေအားလုံးကို ပြန်ယူလို့ရမယ့်နည်းရှိလား”
ရဲသားမှာ မည်သည့် အာမခံချက်မျှ မပေးနိုင်ပေ။ သူသည် “ကျွန်တော်တို့ လုပ်နိုင်တာအားလုံး လုပ်ခဲ့ပါပြီ။ ကျွန်တော်တို့အွန်လိုင်းမှာ တွေ့ရနိုင်တဲ့ဖိုင်တွေအားလုံးကိုလည်း ဖျက်ဆီးလိုက်ပါပြီ။ အနာဂတ်မှာ တစ်ယောက်ယောက်က အွန်လိုင်းပေါ်တင်တာ ဒါမှမဟုတ် ဖြန့်တယ်ဆိုရင် ကျွန်တော်တို့ ခြေရာခံပြီး ဒါတွေကို ဖျက်ဆီးလို့ရပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ဗီဒီယိုတွေနဲ့ဓာတ်ပုံတွေကို ခရီးဆောင် hard drive ပေါ်သိမ်းနိုင်ပါတယ်” ဟူ၍သာ ပြောခဲ့သည်။
ယွီလန်သည် အသက်အားဝဝရှူလိုက်ကာ သူ၏စိတ်ထဲမှ ပြင်းထန်သောဒေါသကို ချုပ်တည်းထားခဲ့သည်။ သူသည် မျှတစွာ ပြောလိုက်သည်။ “ကျွန်တော့်ညီမအတွက် လုပ်ပေးသမျှ အားလုံးအပေါ် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ရင် ကျေးဇူးပြုပြီး သက်တောင့်သက်သာပဲပြောပါ”
ဤအခိုက်အတန့်၌ ယွီယောင်သည် သူမ၏အတွေးများ ပြန်လည်လာပုံရသည်။ သူမသည် ရဲအားပြောခဲ့သည်။ “ကြိုးစားမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ တတ်နိုင်သမျှ မြန်မြန်အမှန်တရားကို ဖော်ထုတ်နိုင်ပြီး နစ်နယသူအားလုံးအတွက် တရားမျှတမှုပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်”

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...