Part 19

4.5K 361 2
                                    

Unicode
Chapter 19: သစ်ရွက်တစ်ရွက်

ယွီယောင်သည် သူမကိုယ်ပိုင်ခန္ဓာကိုယ်၏ မှတ်ဉာဏ်များမရှိသောကြောင့် သူမတွင် သက်ဆိုင်ရာ ကျွမ်းကျင်ဗဟုသုတလည်း မရှိပေ။ အခြားမေဂျာတစ်ခုသို့ပြောင်းမပြောင်းမဆုံးဖြတ်ခင် သူမသည်တစ်ခုခုခံစားမိရန် တက္ကသိုလ်သို့ဦးစွာသွားရန် စီစဉ်ခဲ့သည်။

သူမသည် အဘယ်ကြောင့်မှန်းမသိသော်လည်း ကျောင်းတွင်း၌ ရှောင်းလျန်နှင့် အမှတ်မထင်တွေ့ဆုံခဲ့သည်။

ဤအခိုက်အတန့်တွင် ရှောင်းလျန်သည် တက္ကသိုလ်၏ တောအုပ်ထဲတွင် လမ်းဘေးကြောင်များအား အစာကျွေးနေခဲ့သည်။

အေးစက်သော စိတ်ထားနှင့်ချောမောသည့် ယောင်္ကျားလေးသည် ကိုယ်တိုင်းချုပ်ထားသော ဝတ်စုံအား ဝတ်ဆင်ထားခဲ့သည်။ လူတိုင်း၏စိတ်ကူးထဲတွင် သူသည် သန်းနှင့်ချီသော အကျိုးစီးပွားများကို အလွယ်တကူသက်ရောက်မှုရှိစေရန် ကိစ္စများအား ကိုင်တွယ်ဖြေရှင်းနေသော အဆင့်မြင့်ရုံးတွင်ပါဝင်သူဖြစ်သည်။

ထိုအစားသူသည် ကြောင်စာသေတ္တာဘူးအား နူးညံ့သည့်အပြုအမူနှင့်ဖွင့်ကာ လမ်းဘေးကြောင်၏အရှေ့တွင် နေရာချ လိုက်သည်။

သူ၏စိတ်နေစိတ်ထားနှင့် လက်ရှိအပြုအမူကြားကွာခြားမှုများကြောင့် ရှောင်းလျန်သည် အထူးဆွဲဆောင်မှုရှိပုံပေါ်သည်။ ငယ်ရွယ်၍လှပသောအမျိုးသမီး တက္ကသိုလ်ကျောင်းသူများ အပါအဝင်တက္ကသိုလ်ကျောင်းသားများသည် သူ့အား သိချင်စိတ်အပြည့်ရှိသော အကြည့်များနှင့် မကြည့်ရမနေနိုင်ဖြစ်နေကြသည်။

မိန်းကလေးအချို့မှာ သူတို့သူငယ်ချင်းများနှင့် အနီးအနားတွင်ရှိနေကြကာ ရှောင်းလျန်အား ဖုန်းနံပါတ်တောင်းရန် အချင်းချင်းအားပေးနေကြသည်ကို ယွီယောင်သတိထားမိခဲ့သည်။

သေချာသောအရာတစ်ခုမှာ ရှောင်းလျန်ကဲ့သို့သောလူများသည် သွားလေရာရာတွင် သူတို့အားအထင်ကြီးလေးစားသူများရှိစမြဲပင်ဖြစ်သည်။

အချင်းချင်းတွန်းပို့နေသော မိန်းကလေးများသည် သူတို့ထဲမှ အချောဆုံးတစ်ယောက်အား တွန်းပို့ခဲ့သည်။ မိန်းကလေးသည်သူမအား သတ္တိအားစုစည်းကာ သစ်ပင်အောက်တွင်ရှိသော ကြောင်အား အစာကျွေးနေသည့် လူဆီသို့လျှောက်သွားခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Unde poveștirile trăiesc. Descoperă acum