Unicode
Chapter 44:တည်ငြိမ်စွာတုံ့ပြန်ခြင်း
သို့သော် အစီအစဉ်မှာ အစကတည်းက ကျဆုံးရန်များနေခဲ့သည်။ ယွီဝမ်သည် ယွီယောင်အား စကားအနည်းငယ်ဖြင့် ထိုဓာတ်ပုံများကြောင့်ဖြစ်သော ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဟု မထင်ထားခဲ့ပေ။
လိုချင်သောရလဒ် မရသောကြောင့် ယွီဝမ်သည် အချိန်မတိုင်မီ ပို၍အန္တရာယ်ဖြစ်နိုင်သည့် ဗီဒီယိုများကိုသာ ထုတ်ပြနိုင်ခဲ့သည်။ ဤဗီဒီယိုများမှာ ယွီယောင်အား စိတ်လှုပ်ရှားအောင် လုပ်နိုင်မည်ဟု သူမထင်ခဲ့သည်။ ယွီယောင်သည် ထိတ်လန့်သည့် လက္ခဏာများပြနေသရွေ့ အင်တာနက်သုံးစွဲသူများသည် သူမအား အပြစ်ရှိသည်ဟု ထင်ကြလိမ့်မည်။
သို့သော် အဘယ်ကြောင့်ယွီယောင်သည် ယခုထိ အလွန်တည်ငြိမ်နေရသနည်း။ သူမ၏သဘောထားမှာ ဗီဒီယို၏စစ်မှန်မှုအား လူများကို သံသယဝင်အောင် ပြုလုပ်နိုင်သည်။
ယွီယောင်သည် သူမ၏အရှေ့၌ အမှန်တကယ်မရှိသည်ကိုမေ့နေသကဲ့သို့ ယွီဝမ်သည်ဖန်သားပြင်ပေါ်မှ ယွီယောင်အား စိတ်မထိန်းနိုင်ပဲအော်နေခဲ့သည်။ “ယွီယောင် ဘာလို့လဲ။ ဘာလို့နင်က မကြောက်တာလဲ”
ယွီယောင်သည် ယွီဝမ်၏အော်သံများကို ကြားမည်ဆိုပါက သူမအား တိုက်ရိုက်ပြောလိမ့်မည်။ “ဘာလို့လဲဆိုတော့ ငါ့မှာ နင့်ရဲ့အကြံအစည်တွေကို ချေမှုန်းနိုင်တဲ့စွမ်းအင် အပြည့်အဝရှိလို့ပဲ”
ယွီကျွယ်သည်လည်း ထိုဗီဒီယိုများအား ရှင်းလင်းစွာ မြင်ခဲ့ရပြီးဖြစ်သည်။ သူသည် အလွန်ဒေါသထွက်နေသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ရီနေသည်။ သူသည် ယွီယောင်မှာ မည်ကဲ့သို့လူမျိုး ဖြစ်သည်ကို နားလည်သည်။ သူ၏ညီမထက် ပို၍ဖြူစင်ကာ သန့်ရှင်းသောဝိညာဉ်သည် ကမ္ဘာပေါ်၌မရှိပေ။
သို့သော် သူသည် မည်ကဲ့သို့ သူ၏အရှေ့တွင်ရှိသော သတင်းထောက်များနှင့် အင်တာနက်၏ တစ်ဖက်ခြမ်းတွင်ရှိသော အင်တာနက်သုံးစွဲသူများအား ဤအရာကို ရှင်းပြနိုင်မည်နည်း။ သူသည် သူတို့အား သူယုံသကဲ့သို့ ယွီယောင်အား ယုံရန် မည်သို့လုပ်နိုင်မည်နည်း။
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...