Part 114

1K 82 0
                                    

114 01

Chapter 114: အထက်တန်းမှ အတန်းဖော်

ရဲတပ်ဖွဲ့မှ ကျန်ရှိသည့် သံသယရှိသူနှစ်ဦးအား ဖမ်းဆီးနိုင်ရန် လုံလောက်သည့် သက်သေများရှိစေရန် ယွီယောင်သည် လွန်ခဲ့သည့်ရက်အချို့တွင် မအိပ်ခဲ့သလို အနားမယူခဲ့ပေ။

ဝမ်မောင်သည် သူကိုယ်တိုင်‌ မူးယစ်ဆေးမှုတွင်ပါ‌ဝင်သည့် ဗီဒီယိုအား တင်လိုက်သည့်အချိန်မှစ၍ ရဲများသည်အကြံအသစ်ရသွားခဲ့သည်။ သူတို့သည် ဝမ်မောင်၏အိမ်အနောက်ဘက်တွင် အလောင်းနှစ်လောင်းကို ရှာတွေ့ခဲ့သည်။ ဤအလောင်းနှစ်လောင်းမှာ လုံးဝပုပ်သိုးနေခဲ့ပြီး ရဲများသည် နစ်နာသူများ၏DNA‌ပေါ်တွင် အချက်အလက်ကိုသာ ရယူနိုင်ခဲ့သည်။ သို့သော် ဤကမ္ဘာတွင် ခေတ်မီသည့်အင်တာနက်နည်းပညာ ချို့ယွင်းမှုကြောင့် ၎င်းမှာ နစ်နာသူများ၏အထောက်အထားများနှင့် ကိုက်ညီရန် မလွယ်ကူခဲ့ပေ။

ရဲများအားကူညီရန် ယွီယောင်သည် ရက်အတော်ကြာ မအိပ်ခဲ့သလို အနားမယူခဲ့ပေ။ သူမသည်ကြီးမားသည့်ဒေတာစနစ်အား ထူထောင်နိုင်ခဲ့သည်။

နေရာဒေသအသီးသီးရှိ လူများ၏ဇီဝဗေဒဆိုင်ရာ အချက်အလက်ဝိသေသများအား ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဒေတာရှာဖွေရေးစနစ်မှာ နစ်နာသူများ အသက်ရှင်စဉ်ကာလတွင် တည်ရှိသည့်နေရာကို ဆုံးဖြတ်ပေးခဲ့သည်။ နယ်ပယ်အား ကျဉ်းမြောင်းပြီးသည့်နောက် ယွီယောင်သည် ဒေသခံပျောက်ဆုံးသူများအား စစ်ဆေးကာ နစ်နာသူနှစ်ဦး၏ သရုပ်မှန်များအား အတည်ပြုခဲ့သည်။

သူတို့၏သရုပ်မှန်အစစ်များ ရှာဖွေတွေ့ရှိခဲ့သောအခါ မိန်းကလေးများထဲမှတစ်ယောက်မှာ ယွီဝမ်၏အတန်းဖော်ဖြစ်နေသောကြောင့် ကြက်သီးထသွားခဲ့သည်။

ယွီဝမ်သည် အဆင့်မြင့်ကိုယ်ပိုင်ကျောင်းတွင် အထက်တန်းကျောင်း တက်ရောက်ခဲ့သည်။ ဤကျောင်းသည် ချမ်းသာသော‌ကျောင်းသားများကိုသာ ခေါ်ယူရုံသာမက အနီးအနား၌ရှိသော အဆင့်ကောင်းသည့် ဆင်းရဲသောကျောင်းသားများကိာလည်း ခေါ်ယူခဲ့သည်။

ဝမ်မောင်၏အိမ်အနောက်ဘက်၌ သေဆုံးသူနှစ်ဦးအား တွေ့ရှိခဲ့သည်။ သူတို့ထဲမှတစ်ယောက်မှာ အဆင့်မြင့်ကိုယ်ပိုင်ကျောင်းမှ အထူးခေါ်ယူထားခဲ့သော ဆင်းရဲသည့်ကျောင်းသူတစ်ဦးဖြစ်နေခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Wo Geschichten leben. Entdecke jetzt