Part 23

4.1K 313 3
                                    

Unicode

Chapter 23: ရှုံးနိမ့်သွားသော လုယူခြင်း

ယွီဟန်သည် ရှောင်းလျန်၏ကြောက်စရာကောင်းသော အကြည့်အားတွေ့ခဲ့သည်။ သူတို့နှစ်ဦးကြားမှ တင်းမာမှုသည် ယွီဟန်၏အနောက်တွင်ရှိသော ဒုအကြီးအမှူးနှင့် တက္ကသိုလ်ခေါင်းဆောင်များအား စိတ်လှုပ်ရှားစေခဲ့သည်။

ဆံပင်ပါးပါးနှင့် ဒုအကြီးအမှူးမှာ ကိစ္စများ ရှောရှောရှူရှူဖြစ်စေရန် အမြန် ကြိုးစားခဲ့သည်။ “မစ္စတာရှောင်၊ ပါမောက္ခယွီ၊ ဒါဆိုနှစ်ယောက်က အချင်းချင်း သိကြတာပဲ။ ဟားဟား... ခင်ဗျားတို့နှစ်ယောက်လုံးကို တက္ကသိုလ်က ညစာဧည့်ခံခွင့်ပြုပါလား။ နားလည်မှုလွဲနေတာလေးရှိရင် ညစာစားရင်း ရှင်းကြတာပေါ့...”

ရှောင်းလျန်သည် သူ၏လက်ထဲမှ နို့လက်ဖက်ရည်အား လှုပ်ခါရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ခင်ဗျား အရမ်းအလေးအနက်‌ထားနေတာပဲ။ အထင်လွဲစရာ မရှိပါဘူး။ ကျွန်တော်က မိသားစုက ညှင်းဆဲတာခံရတဲ့ မိန်းကလေးကို ကူညီပေးချင်ရုံပါ”

“မစ္စတာရှောင်းကတော့ နောက်နေပြန်ပါပြီ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဒုအကြီးအမှူးသည် သူ၏နဖူးပေါ်မှ ချွေးများအား ကသိကအောက်နှင့် သုတ်နေခဲ့သည်။

“မိန်းကလေးယွီကို ဘာလို့သူ့မိသားစုက ညှင်းဆဲမှာလဲ။ ပါ‌မောက္ခယွီက သူ့ကို အရမ်းဂရုစိုက်ပေးတာလေ။ သူ့အတွက်ကြောင့် ဧည့်ပါ‌မောက္ခဖြစ်‌ပေးဖို့ တက္ကသိုလ်ရဲ့ ကမ်းလှမ်းချက်ကိုတောင် လက်ခံခဲ့တာပဲ။ တက္ကသိုလ်မှာ သင်ခန်းစာအများကြီး ပို့ချပေးပြီး ပညာရပ်ဆိုင်ရာဖလှယ်မှုတွေကိုပါ လုပ်‌ဆောင်ပေးမှာပါ”

ယခုလေးတင် နို့လက်ဖက်ရည်အားစုပ်လိုက်သော ယွီယောင်သည် သီးသွားကာ ဆက်တိုက်ချောင်းဆိုးနေခဲ့သည်။ “အက် အဟမ်း...”

ယွီ‌ဟန်သည် အလိုအလျောက် လက်ကိုဆန့်ထုတ်ကာ သူ၏ညီမငယ်အား ချစ်ခင်မြတ်နိုးသော အစ်ကိုတစ်ယောက် လုပ်ပေးသကဲ့သို့ သူမ၏နောက်ကျောအား ညင်သာစွာ ပုတ်ပေးနေခဲ့သည်။ “ကလေးလား။ နို့လက်ဖက်ရည်ကို သီးနေရတယ်လို့”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now