Part 89

1.4K 113 0
                                    

89 01

Chapter 89: သူမ၏ခြေရာများအား ဖော်ထုတ်ခြင်း

ယွီဝမ်သည် ယွီယောင်ပို့လိုက်သော အဖြေတိုတိုများအား ကြည့်ကာ စိတ်မကျေမနပ်မှုဖြင့် ပြည့်နေခဲ့သည်။ ယွီယောင်သည် စစ်မှန်သောဉာဏ်ကြီးရှင်ဟုပင် ယွီ‌ကျွယ်‌ကပြောခဲ့သည်။ သူမသည် A3၏ မေးခွန်းများအား စာကြောင်းတိုတိုတစ်ချို့ဖြစ်သာဖြေခဲ့သည်။ သူမသည် ဒီထက်ပို၍ အဖြေများအား လုပ်ကြံဖန်တီး၍မရနိုင်သောကြောင့် ဖြစ်ရမည်။

သူမ၏စိတ်ထဲ၌ ကျိန်ဆဲနေသော်လည်း ယွီဝမ်သည် တစ်ခဏမျှရပ်မနေခဲ့ပေ။ သူမသည် ယွီယောင်၏အဖြေများအား A3ဆီသို့ အမြန်ကူးယူ၍ ပြန်ပို့ပေးခဲ့သည်။

A3သည်လည်း သူမကဲ့သို့ ယွီယောင်အား တူညီသည့် အကဲဖြတ်မှု ရှိလိမ့်မည်ဟု ယွီဝမ်ထင်ခဲ့မိသော်လည်း A3မှာအဖြေစာကြောင်းတိုတိုတစ်ချို့အား တွေ့လိုက်သောအခါ သူစိတ်လှုပ်ရှားလာခဲ့သည်။

သူမ၏စက်ရုပ်အသံပင်လျှင် အနည်းငယ်မတည်မငြိမ်ဖြစ်နေခဲ့သည်။ "ယွီယောင်က တကယ်ဉာဏ်ကြီးရှင်ပဲ။ သူ့ရဲ့ကွန်ပျူတာနည်းပညာကို နားလည်နိုင်စွမ်းက အထွတ်အထိပ်အဆင့်ကိုရောက်နေပြီ။ ဒါဆိုရင် သူသတင်းစာရှင်းလင်းပွဲမှာ ပြခဲ့တဲ့ မျက်နှာလဲလှယ်ခြင်းဆော့ဖ်ဝဲက အဖွဲ့အစည်းကခိုးထားတာမဟုတ်ဘဲ သူနဲ့သူ့အဖွဲ့ကကိုယ်တိုင်ရေးထားတာမျိုးပဲဖြစ်မယ်..."

A3မှာ စိတ်လှုပ်ရှားလွန်းနေသည်မှာ သေချာသည်။ သူသည် ယွီဝမ် လုံးဝနားမလည်နိုင်သော ကျွမ်းကျင်မှုဆိုင်ရာ အခေါ်အဝေါ်များစွာအား ပြောဆိုခဲ့သည်။ ထို့ကြောင့် ယွီဝမ်သည် စကားမပြောရဲဘဲ A3၏တီးတိုးပြောဆိုမှုကိုသာ တိတ်တဆိတ် နားထောင်ခဲ့သည်။

ခဏကြာပြီးနောက် A3မှာ စိတ်တည်ငြိမ် သွားခဲ့သည်။ သူသည် စိတ်ကောင်းဝင်နေပုံ ပေါ်ကာ သူ၏စက်ရုပ်အသံပင်လျှင် ပေါ့ပါးနေခဲ့သည်။

"ထင်ထားတဲ့အတိုင်းပဲ ငါက ယွီယောင်ရဲ့အဆင့်မှန်ကို စမ်းသပ်ဖို့ ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့ လိုအပ်နေခဲ့တာပဲ။ ယွီ‌ဝမ်၊ ငါအရင်က နင့်အပေါ် အရမ်းခက်ထန်ခဲ့တယ်။ နင့်ကို ယွီယောင်လိုမျိုး ဉာဏ်ကြီးရှင်နဲ့ ဆက်ဆံခိုင်းလိုက်တာက ငါလုံးဝ ငါ့ရဲ့ပြိုင်ဖက်ကို အထင်သေးမိခဲ့တာပဲ"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Wo Geschichten leben. Entdecke jetzt