Part 123

910 57 0
                                    

Chapter 123: ယွီကျွယ်၏အလုပ်

လေယာဉ်သည် နောက်ကျမှဆိုက်ရောက်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ လေယာဉ်ဆိုက်ရောက်သည့် အချိန်နှင့်ပတ်သက်သော သတင်းမှာ ကျော်လွန်သွားခဲ့လျှင် သူတို့သုံးယောက်မှာ အလွန်စိတ်မလှုပ်ရှားခဲ့ပေ။ ယွီယောင်သည် စောင့်နေရာမှ ပင်ပန်းလာကာ ကော်ဖီတစ်ခွက်အား မှာခဲ့သည်။

ယွီဟန်သည် ယွီယောင်၏နှစ်သက်သည့်အရသာအား သိရှိပြီးဖြစ်ကာ သူမအား နွားနို့နှင့်သကြား ပေါင်းထည့်ရန် ကူညီပေးခဲ့သည်။ ယွီယောင်သည် အစ်ကိုလတ်၏ စောင့်ရှောက်မှုအား ယုံကြည်ချက်ရှိရှိ ကျေနပ်နေခဲ့သည်။

သူမ၏အစ်ကိုကြီးအနေဖြင့် ဤကဲ့သို့ အလုပ်အရမ်းလုပ်သူမှာ လက်ပ်တော့အားဖွင့်ကာ အလုပ်လုပ်နေခဲ့သည်။ ဤကဲ့သို့လူများနေသည့် လေဆိပ်ကော်ဖီဆိုင်ပင်လျှင် သူ၏အချိန်ပိုအလုပ်လုပ်ချင်သည့်စိတ်အား မရပ်တန့်နိုင်ခဲ့ပေ။

ယွီယောင်သည် သူမ၏ဖုန်းအားကိုင်ကာ ယွီကျွယ်နှင့် စကားပြောနေခဲ့သည်။

ယွီကျွယ်သည် ပင်ပန်းနေသော အီမိုဂျီအတန်းလိုက် ပို့ခဲ့သည်။ "ငါ့အလုပ်ကပြီးသွားပြီး ငါအိမ်ပြန်ဖို့ လေယာဉ်လက်မှတ်လည်း ဝယ်ပြီးပြီ။ ထုတ်လုပ်ရေးအဖွဲ့က ငါ့ကိုရိုက်ကွင်းတစ်ချို့ပိုပြီးထပ်ရိုက်ဆိုလို့ လေယာဉ်ပဲပြောင်းလိုက်ရတယ်..."

ယွီယောင်သည် သူ့အား ဝတ်ကျေတန်းကျေ နှစ်သိမ့်ပေးခဲ့သည်။ "ဒါဆိုလည်း ကြိုးစားလိုက်ပေါ့။ မြန်မြန်အလုပ်လုပ်ပြီးရင် စောစောအိမ်ပြန်လာလို့ရတယ်လေ"

ယွီကျွယ်သည် ကြောင်ကလေးငိုနေသည့် အီမိုဂျီများစွာ ထပ်မံပို့ခဲ့သည်။ "ဒါပေမယ့် ဒီဒါရိုက်တာကတရားလွန်တယ်။ သူက ရိုက်ကူးရေးမှာ နည်းနည်းလေးမကျေနပ်ရင်တောင် သူအဲ့ဒါကိုပြန်လုပ်ခိုင်းလိမ့်မယ်။ ငါခဏခဏရိုက်ပြီးပေမယ့် ငါနဲ့အတူသရုပ်ဆောင်တဲ့ မင်းသမီးက သူ့ဇာတ်ရုပ်ထဲကို ဈာန်မဝင်နိုင်သေးဘူး"

ယွီယောင်သည် အေးစက်စက်ပြောလိုက်သည်။ "ရွေးချယ်စရာမှမရှိဘဲ။ ပိုက်ဆံကို အစကတည်းက လက်ခံလိုက်ပါလို့ ဘယ်သူကပြောလို့လဲ။ အလုပ်ကြိုးစားလိုက်။ မဟုတ်ရင် ထုတ်လုပ်ရေးအဖွဲ့က အစ်ကို့ကိုပေးတဲ့ ယွမ်သန်းပေါင်းများစွာကို ပြန်ပေးလိုက်တော့"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tempat cerita menjadi hidup. Temukan sekarang