Part 83

1.4K 97 1
                                    

83 01

Chapter 83: အထူးတလည် ဂရုစိုက်ခြင်း

ယွီ‌ယောင်သည် အပေါ်မှနေ၍ ယွီဝမ်အား ငုံ့ကြည့်လိုက်ကာ လှောင်ပြုံးပြုံးလိုက်သည်။ "နင်ငါ့ကိုခဏခဏစိတ်ကိုလာဆွနေတာ အရမ်းကြိုးစားတယ်နော်။ နင့်‌အပေါ်ကြမ်းတမ်းတဲ့နည်းလမ်းတွေကိုသုံးတာ နင်ကြိုက်တယ်လို့ ငါထင်ခဲ့တယ်။ အိုး နင်က...နာတာကိုကြိုက်တဲ့သူလား။ အဲ့ဒါကအရမ်းနှာဘူးထလွန်းတယ်မလား"

ယွီယောင်သည် ညစ်ပတ်သောအရာအား မြင်လိုက်သကဲ့သို့ စိတ်ပျက်သည့်အမူအရာဖြစ်နေခဲ့သည်။ ဤအမူအရာမှာ ယွီဝမ်၏မျက်နှာနီသွားရလောက်သည်အထိ အလွန်ဒေါသဖြစ်စေခဲ့သည်။ သူမ၏အသိစိတ်အနည်းငယ်မှ သူမအား သူတို့သည် ရသစုံရှိုးအား ယခုထိရိုက်ကူးနေဆဲဖြစ်ကာ နေရာတိုင်း၌ ကင်မရာများရှိနေသည်ဟု မပြောမိနေခဲ့လျှင် ယွီဝမ်သည် ယွီယောင်အား ခုံပေါ်မှ သေချာပေါက် တွန်းချလိမ့်မည်ဖြစ်သည်။

ယွီကျွယ်သည် သူ၏နေရာ၌ရပ်လိုက်ကာ သူ၏ပခုံး တကုပ်ကုပ်နှင့် တဖြည်းဖြည်းနောက်ဆုတ်သွားခဲ့သည်။ သူသည် အမျိုးသမီးနှစ်ယောက်ကြား တိုက်ပွဲ၌ဝင်မပါချင်ခဲ့ပေ။

သို့‌သော် ပြဿနာအား ရှောင်ရှားချင်သော သူ၏ဆန္ဒမှာ မပြည့်ဝခဲ့ပေ။

ယွီဝမ်သည်ယွီယောင်အား သဘောတူညီမှုမရချင်ခဲ့ပေ။ နောက်ဆုံး၌ သူမသည် ယွီကျွယ်အနားသို့ ပြေးသွားကာ သနားစရာကောင်းသောအမူအရာဖြင့် သူ့အားပြောခဲ့သည်။ "အစ်ကိုငယ်၊ မမယွီယောင်က အစ်ကိုတို့နဲ့အတူ ရသစုံရှိုးရိုက်ဖို့လာတဲ့ ညီမကို မကြိုက်ဘူးလား။ သူညီမကိုခြောက်ဖို့ ပင့်ကူကိုတောင်သုံးခဲ့တယ်"

ယွီကျွယ်သည် သူ၏မျက်နှာအမူအရာမှ အပြစ်အနာအဆာတစ်ခုမှမရှိစေရန် သူ၏အရင်ဘဝမှ အကောင်းဆုံးသရုပ်ဆောင်ဆုအား ရရှိစေခဲ့သည့် သရုပ်ဆောင်စွမ်းရည်များအားလုံးကို အသုံးပြုခဲ့ရသည်။ သူသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ လူကောင်းတစ်ယောက်အနေနှင့် သရုပ်ဆောင်ခဲ့သည်။ "နင်ယွီယောင်ကို အထင်လွဲနေပြီ။ သူနဲ့အတူရသစုံရှိုးမှာနင်ပါဖို့ သူသဘောတူခဲ့တာလေ။ နောက်ပြီး ယွီယောင်က လူတွေကိုခြောက်ဖို့ ပင့်ကူကိုသုံးရလောက်အောင် အရမ်းကလေးမဆန်ပါဘူး"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tempat cerita menjadi hidup. Temukan sekarang