91 01
Chapter 91: မှားယွင်းသည့်လမ်းကြောင်းပေါ်မှ ဉာဏ်ကြီးရှင်
သူမသည်A3အကြောင်း ပို၍သိလာလေလေ နှမြောစရာဟု ခံစားမိလာလေဖြစ်သည်။ ဤကဲ့သို့အချိန်အတော်ကြာ ဤကမ္ဘာထဲသို့လာပြီးသည့်နောက် ဤကမ္ဘာပေါ်ရှိ ကွန်ပျူတာနည်းပညာတိုးတက်မှုမှာ အလွန်နှေးသည်ဟု ထင်ခဲ့မိသည်။
သို့သော် ဤဖိုရမ်အား ဝင်ရောက်ပြီး A3နှင့် ရင်းနှီးပြီးသည့်နောက် ဤကမ္ဘာ၏ ကွန်ပျူတာစွမ်းရည်မှာ ကမ္ဘာအစစ်ထက် နောက်ကျသော်လည်း ဉာဏ်ကြီးရှင်များမှာ မည်သည့်အရာကြောင့်မျှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ သူတို့၏အရည်အချင်းများအား ပြသရန် ဤကမ္ဘာကြီး၏ အကျဉ်းအကျပ်များအား ဖြတ်ကျော်သွားသည်။
A3သည် ထိုဉာဏ်ကြီးရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ သူသည် အလွန်အားနည်းသော ကွန်ပျူတာစွမ်းရည်များရှိသည့် ကမ္ဘာထဲ၌ ရှိသော်လည်း သူသည် ယွီဝမ်သည်ပင် အံ့ဩသွားနိုင်သော ကွန်ပျူတာနတ်ဘုရားဖြစ်ရန် သူ၏စွမ်းရည်ပေါ် မှီခိုခဲ့ရသည်။
တစ်ခဏတာ ယွီယောင်သည် A3အား သနားမိသော်လည်း သူမသည် ခေါင်းကိုခါကာ ဤသနားစိတ်နှင့် ကိုယ်ချင်းစာစိတ်ကို စွန့်လွှတ်ခဲ့သည်။
ယွီယောင်သည် သူမ၏အရင်ဘဝ၌ အမျိုးသားအင်တာနက် လုံခြုံရေးစင်တာ အထူးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ နိုင်ငံတစ်ခုလုံး၏ အင်တာနက်လုံခြုံမှုအား ကာကွယ်ရန် သူမသည် ကမ္ဘာတစ်ဝှမ်းမှ ဟက်ကာအဖွဲ့အစည်းများတစ်ချို့နှင့် တိုက်ပွဲဝင်ခဲ့ရသည်။
ထိုဟက်ကာများမှာ ထူးချွန်ထက်မြက်သော ဉာဏ်ကြီးရှင်များ ဖြစ်သော်လည်း သူတို့၏အရည်အချင်းများကို ဖြုန်းတီးခဲ့ကာ ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ကြံရာပါများအဖြစ် သူတို့၏စွမ်းရည်များအား အသုံးချခဲ့ကြသည်။
သူမ၏အရင်ဘဝ၌ ယွီယောင်သည် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်သော လမ်းလွဲသွားသည့် ဤဉာဏ်ကြီးရှင်များ၏ အိပ်မက်ဆိုးဖြစ်ခဲ့သည်။ ဤဘဝ၌မူ သူမသည် အပြစ်လုပ်ရသည်ကို စွဲလမ်းနေသော ဤဉာဏ်ကြီးရှင်အား လက်လွှတ်လိမ့်မည်မဟုတ်ပေ။

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...